တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး သဘာဝမြေဩဇာ၊ ကော်ဖီပျိုးပင်များပေးအပ်ခြင်းနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားသို့တက်ရောက်
တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ထားဝယ်ခရိုင်အတွင်းရှိ အကျိုးဆောင်တောင်သူများအား သဘာဝမြေဩဇာ၊ ကော်ဖီပျိုးပင်များပေးအပ်ခြင်းနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့နယ်၊အမှတ်(၄) အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ မိုးစပါးစိုက်ခင်းတွင် ကျင်းပသည်။