ဘုတ်ပြင်းမြို့နယ် အလယ်မန်ကျေးရွာ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနား ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘုတ်ပြင်းမြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်း(၃)”စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က အလယ်မန်ကျေးရွာအုပ်စု အလယ်မန်ကျေးရွာ အမှတ်(၂)ရပ်ကွက် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။