ကော့သောင်းမြို့ပြည်သူ့ဆေးရုံ၌ ကျောက်ကပ်သွေးသန့်စင်ခြင်းလုပ်ငန်း အောင်မြင်စွာ စတင်စမ်းသပ်ဆောင်ရွက်ခဲ့
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ရက်(၁၀၀) စီမံချက်ဖြင့် ပြည်သူများအား အထူးကုဘာသာရပ်များတိုးချဲ့ဆောင်ရွက်ပေးရန် ရည်ရွယ်၍ ခုတင်(၁၀၀) ပြည်သူ့ဆေးရုံ၌ ဇွန်၅ရက်မှ စတင်၍ ကျောက်ကပ်သွေးသန့်စင်ခြင်းလုပ်ငန်း အောင်မြင်စွာ စတင်စမ်းသပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။