ထားဝယ်မြို့၌ ပြေးခုန်ပစ်(အခုန်+အပစ်)နည်းပြ/ဒိုင်သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ
တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ပြေးခုန်ပစ်(အခုန်+အပစ်)နည်းပြ/ဒိုင်သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ ကျင်းပသည်။