တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် ဒုတိယယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိသည်။

တနင်္သာရီမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် နွေရာသီကျောင်းပိတ်ရက်များကိုအကျိုးရှိရှိ အသုံးချတတ်စေရန် နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များပေါ်ထွန်းစာစေရန် ရည်ရွယ်ချက်များဖြင့် မတ်လ ၆ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည့် နွေရာသီဘောလုံးအားကစားနည်းနှင့်ဘော်လီဘောကစားနည်း အခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၁၇ ရက်နေ့ မွန်းလွှဲ၃နာရီခွဲအချိန်က မြို့နယ်အားကစား ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား/ကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုနေမှုအား ကြည့်ရှုအားပေး

ထနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ စာစစ်ဌာန၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/သူများ အင်္ဂလိပ်စာဘာသာရပ်အား အေးချမ်းစွာ ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ဘုတ်ပြင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများအား အားဖြည့် အချိုရည်နှင့်အာဟာရမုန့်များ ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၇)ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီး ဖြစ်ကြောင်းသိရသည်။

ကျွန်းစုမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့တွင် ကျောင်းသား၊ ကျောင်းသူ (၉၁.၄၃) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆို

၂၀၂၅ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့မှ စတင်၍ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့တွင် ကျောင်းသား၊ ကျောင်းသူ (၉၁.၄၃) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုအား ကြည့်ရှုအားပေး

ထနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ စာစစ်ဌာန၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/ သူများ မြန်မာစာဘာသာရပ်အား အေးချမ်းစွာ ဖြေဆိုလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

ထားဝယ်မြို့တွင် ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သတ်မှတ်စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆို

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် သတ်မှတ်စာစစ်ဌာနများ၌ ယနေ့နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ မြန်မာစာဘာသာရပ်အား အေးချမ်းစွာ ဖြေဆိုလျက်ရှိရာ ကျောင်းသားမိဘများ၊ ညီအစ်ကိုမောင်နှမများ၊ ဆွေးမျိုးသားချင်းများက  ကျောင်းအဝင်ဝတွင် လာရောက်ကြိုဆိုလျက်ရှိသည်။

ပုလောမြို့နယ်၌  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း (Grade -12) စာမေးပွဲ စတင်ဖြေဆို

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလော အခြေခံပညာ (အ.ထ.က-၁) ကျောင်းစာစစ်ဌာန၌ ၂၀၂၅ ပညာသင်နှစ် (Grade -12) အတွက် မြို့နယ်အတွင်းရှိ ကျောင်းသား/သူများက ယနေ့ နံနက် ၉ နာရီမှစ၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြစ် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာ‌‌မေးပွဲ စတင်ဖြေဆို

 တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မတ် (၁၇) ရက်နေ့မှ စတင်၍ ဖြေဆိုလျက်ရာ ယနေ့တွင် မြန်မာစာဘာသာရပ်ကို အ.ထ.က(၁) ကျောင်းစာစစ်ဌာန၊ အ.ထ.က(၂) စာစစ်ဌာန၊ ခမောက်ကြီးစာစစ်ဌာနတို့တွင် ကျောင်းတွင်းဖြေနှင့် အပြင်ဖြေ ( Grade-12) ကျောင်းသား၊သူ (၃၅၂)ဦး ဝင်ရောက်ဖြေဆိုလျက်‌ရှိ‌ကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး