တနင်္သာရီတိုင်းဒေသကြီး

ပုလောမြို့နယ်၌ ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ မိုးစပါးစိုက်ပျိုးသူ တောင်သူများအား ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်တက္ကသိုလ်ဓမ္မာရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ဝင်းအတွင်း အသစ်တည်ဆောက်ထားရှိသည့် ဓမ္မာရုံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၁၀နာရီက ထားဝယ်တက္ကသိုလ်ဓမ္မာရုံ၌ ကျင်းပသည်။

ပုလောမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲနှင့် စုပေါင်းသစ်ပင်စိုက်ပျိုး

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုး ပြုစုထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲနှင့် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယနေ့နံနက် ၉ နာရီက ပုလောမြို့ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပလောက်မြို့တွင် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်၊စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့မွန်းလွဲပိုင်းက Community Centre ခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

သရက်ချောင်းမြို့၌ မြို့နယ်အဆင့် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သော မြို့နယ်အဆင့် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တနင်္သာရီမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်နံရံကပ်စာစောင်များပြသပွဲ ပြုလုပ်

၂၀၂၄ခုနှစ်၊ ဇူလိုင်လ၁၉ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမအတွင်း ယနေ့နံနက်၉နာရီအချိန်တွင်  ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/မများနှင့် Grade-8 နှင့် Grade-9 အတန်းတို့မှ ကျောင်းသူ/သားများ ၂၀၀ ကျော်နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းတို့ တက်ရောက်ခဲ့ကြသည်။

သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ကျေးရွာသုံးထင်းစိုက်ခင်းစိုက်ပျိုး ပျိုးထောင်

ပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ အရိပ် အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ယမန်နေ့က ကျောက်မြောင်းရပ်ကွက်၌ ကျေးရွာသုံးထင်း ၂ ဧကအား စိုက်ပျိုး‌ ပျိုးထောင်ပေးခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ စာအုပ်၊စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်း ပြုလုပ်

‌တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ စာအုပ်၊စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက (မူလွန်) အဏ္ဏဝါကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေဖြူ၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ စစ်မှုထမ်း‌ဟောင်းများနှင့် ပူးပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေး စာဖတ်ဝိုင်း ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယ‌နေ့နံနက် (၁၁) နာရီအချိန်က မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

အ-ထ-က (သရက်ချောင်း)ကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲအခမ်း အနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ (အ-ထ-က)သရက်ချောင်းကျောင်း(ပညာရတနာခန်းမ)၌  ယနေ့နံနက် ၉ နာရီခွဲအချိန်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းကောင်စီကတိသစ္စာခံယူပွဲအခမ်းအနားကျင်းပခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး