ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ စိမ်းလန်းသောပတ်ဝန်းကျင်ရရှိအောင် သစ်ပင်စိုက်ပျိုးကြစို့ အသိပညာပေး ဟောပြောပွဲကျင်းပ
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ စိမ်းလန်းသောပတ်ဝန်း ကျင်ရရှိအောင် သစ်ပင်စိုက်ပျိုးကြစို့ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။