တနင်္သာရီတိုင်းဒေသကြီး

ကျွန်းစုမြို့တွင် ကျေးရွာစာကြည့်တိုက် ဆောက်လုပ်ရန်အတွက် မြေပြင်ကွင်းဆင်းကြည့်ရှု

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ‌ကျေးရွာစာကြည့်တိုက် ဆောက်လုပ်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းက ကတ္တလူကျေးရွာသို့ သွားရောက်ကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ရှေးဦးစွာကျောင်းသား/သူများက “ပညာပန်းခင်း” သီချင်းဖြင့် သီဆိုဂုဏ်ပြုသည်။

သရက်ချောင်းမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြိုနယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူများ ကျန်းမာရေးဗဟုသုတများကြွယ်ဝစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community center)ခန်းမ၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့သည်။

ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်း၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကိုယနေ့ နံနက် (၁၀) နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကော့သောင်းမြို့ အ-ထ-က (ခွဲ) အ.လ.က (၂) ရွှေမင်းဝံကျောင်းတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး‌၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၇၇) နှစ်‌‌မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပိတောက်ရွှေဝါရပ်ကွက် အ-ထ-က (ခွဲ) အ.လ.က (၂) ရွှေမင်းဝံကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပလောက်မြို့၌ ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ

တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ မိုးစပါးစိုက်ပျိုးသူ တောင်သူများအား ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ပလောက်မြို့စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဘုတ်ပြင်းမြို့၌ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာတောင်သူများအား မျိုးစပါး၊ ကွန်ပေါင်းဓာတ်မြေဩဇာ၊ သဘာဝဓာတ်မြေ ဩဇာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်အတွင်းမြို့နယ်များရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ တောင်သူများ နှင့်မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်မည့်အကျိုးဆောင်တောင်သူများအတွက် မျိုးစပါး၊ ကွန်ပေါင်းဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ဘုတ်ပြင်းမြို့ သပြေခန်းမ၌ ကျင်းပသည်။

ပလောက်မြို့၊ အမှတ် (၁) ရပ်ကွက်၊ အ.ထ.က (ပလောက်) ကျောင်း၌ ကျန်းမာရေးအသိပညာပေး ဆောင်ရွက်

ကျောင်းသား/ကျောင်းသူလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သောလူနေမှုစနစ်ပုံစံများ သိရှိစေပြီး ကျန်းမာရေးအဆင့်အတန်း တိုးတက်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်၊ အ.ထ.ကပလောက်ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

တနင်္သာရီမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာနှင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပ

၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့် ကဗျာရေးပြိုင်ပွဲနှင့်စာစီစာကုံးပြိုင်ပွဲများကို အ.ထ.က-တနင်္သာရီကျောင်း ကျောင်းဆောင်အသစ်အတွင်း အထက်တန်းပြ/အလယ်တန်းပြဆရာမများ ကြီးကြပ်မှုဖြင့် ယနေ့မွန်းလွဲ ၁နာရီမှ ၂နာရီအချိန်အထိ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန် လူငယ်‌‎ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲများပြသခြင်းကို ယနေ့နံနက်ပိုင်းအချိန်က သီရိမြိုင်ရပ်ကွက် အ.လ.က (ခွဲ) (၃)မိုင်ကျောင်းတွင်ပြုလုပ်ခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး