တနင်္သာရီတိုင်းဒေသကြီး

ကော့သောင်းမြို့တွင်( ပထမအကြိမ် )ရွှေအင်ကြင်းဓမ္မကထိကသင်တန်းဆင်းပိတ်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ရွှေဝါဝင်းဓမ္မရိပ်သာ ကျောင်းတိုက်တွင် နိုင်ငံကျော်ဓမ္မကထိက ရှင်ဥတ္တမကျော်၏တပည့်ဆရာတော် ဘဒ္ဒန္တသုမင်္ဂလ သာသနာ့ဝုဍ္ဎိကရဓမ္မကထိက သာသနာပြုနယ်လှည့်ဓမ္မကထိကမှ ဇွန်(၃၀)ရက်နေ့မှ ဇူလိုင်(၆)ရက်နေ့ထိ (၇)ရက်တာသင်တန်းပို့ချခဲ့သော ရွှေအင်ကြင်းဓမ္မကထိကသင်တန်းကြီးကို ယနေ့နံနက်ပိုင်းတွင် သင်တန်းဆင်းပိတ်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။

ဘုတ်ပြင်းမြို့နယ်၌ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်းနှင့် အသိပညာပေး ဟောပြောပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ မြို့နယ်သစ်တောဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဇူလိုင်လ (၅) ရက်နေ့က အ.ထ.က-‌‌ တောင်ဒဂုံကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ထားဝယ်မြို့တွင် (၁၀၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနား ကျင်းပ

(၁၀၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်ဌာနဆိုင်ရာများစုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများအပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများစုပေါင်း၍ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း/အပြင် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မျိုးစပါး၊ ကွန်ပေါင်းဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း မြို့နယ်များရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာတောင်သူများနှင့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်မည့် အကျိုးဆောင်တောင်သူများအတွက် မျိုးစပါး၊ ကွန်ပေါင်းဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

သရက်ချောင်းမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်း ဖုံး-သွန်-လဲ-စစ်‌ ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ပေးခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မိုးဦးကျကာလအတွင်း ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သောသွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပိုးလောက်လန်းများ မပေါက်ဖွားစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုအရ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ‌ရေးမှူး ဦးဇော်လွင် ဦးဆောင်၍ ဆရာ/ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့တို့က ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များသို့ တစ်အိမ်တက်ဆင်း၍ ရေကန်၊ ရေပုံး၊ ရေတိုင်ကီများအတွင်းသို့ အဘိတ်ဆေးခတ်ပေးခြင်းနှင့် ဖုံး-သွန်-လဲ -စစ်လုပ်ငန်းများကို လိုက်လံဆောင်ရွက်ပေးခဲ့သည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် လူကုန်ကူးမှုဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကလိန်အောင်မြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဌာနဆေးခန်း၌ မွေးကင်းစမှအသက်(၂)နှစ်‌အောက်အရွယ် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းကို‌ ယနေ့ နံနက် ၉ နာရီ အချိန်က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြိတ်မြို့တွင် သိုလှောင်ရုံစီမံခန့်ခွဲမှုဆိုင်ရာ လက်တွေ့သင်တန်းပေးခြင်းနှင့် မြေပြင်လက်ကျန် စာရင်းကောက်ယူခြင်း သင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သိုလှောင်ရုံစီမံခန့်ခွဲမှုဆိုင်ရာ လက်တွေ့သင်တန်းပေးခြင်းနှင့် မြေပြင်လက်ကျန်စာရင်း ကောက်ယူခြင်းသင်တန်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြီးမှူး၍ ယမန်နေ့က မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် ဖွင့်လှစ်ခဲ့သည်။

ပလောက်မြို့၊ အမှတ် (၄) ရပ်ကွက်၊ အ.လ.က (ခွဲ) ဝါးဇွမ်းအုပ်ကျောင်း၌ ကျောင်းကျန်းမာရေး အသိပညာပေးဆောင်ရွက်

ကျောင်းသား/ကျောင်းသူလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုစနစ်ပုံစံများသိရှိစေပြီး ကျန်းမာရေးအဆင့်အတန်းတိုး တက်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ် (၄) ရပ်ကွက်၊ အ.လ.က(ခွဲ)ဝါးဇွမ်းအုပ်ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး