တနင်္သာရီတိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီးဦးသက်နိုင် မျက်စိအထူးကုဆေးကုသမှု ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး
ကျန်းမာရေးဝန်ကြီးဌာန၏ စီစဉ်လမ်းညွှန်မှုဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် ရန်ကုန်မျက်စိအထူးကုသဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် မျက်စိအထူးကုဆေးကုရေးအဖွဲ့တို့သည် ဇွန်လ(၁၀)ရက်နေ့မှ (၁၉)ရက် နေ့ထိ မျက်စိ ရောဂါဝေဒနာခံစားနေရသော ဒေသခံပြည်သူများအား လိုအပ်သောစမ်းသပ်စစ်ဆေးမှု၊ ဆေးကုသပေးမှုများနှင့် ခွဲစိပ်ကုသမှုများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီးဦးသက်နိုင်သည် အဆိုပါ မျက်စိအထူးကု ဆေးကုသနေသည့်နေရာသို့လာရောက်ကြည့်ရှု၍ ပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။