မြိတ်မြို့တွင် ၂ဝ၂၃-၂ဝ၂၄ ခုနှစ် နွေစပါးနှင့် ဒူးရင်းသီးနှံများအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) လက်မှတ်ပေးအပ်ပွဲကျင်းပ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များမှ အကျိုးဆောင်တောင်သူများအား ၂ဝ၂၃-၂ဝ၂၄ ခုနှစ် နွေစပါးနှင့် ဒူးရင်းသီးနှံများအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) လက်မှတ်ပေးအပ်ပွဲကို ယနေ့ နံနက် (၁၁) နာရီက မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။