တနင်္သာရီတိုင်းဒေသကြီး

ကော့သောင်းမြို့တွင် အသက်(၂၁)နှစ်အောက် (၉)ဦးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အားကစားနှင့်ကာယပညာရေးဦးစီးဌာနမှ ကျင်းပသော အသက်(၂၁)နှစ်အောက် (၉)ဦးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အေးရိပ်ငြိမ်မြို့မအားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်အားပေးခဲ့သည်။

တနင်္သာရီမြို့နယ် သစ်တောဦးစီးဌာနမှ ကျောင်းသူ/သားများအား ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာများ အသိပညာပေးဟောပြော

နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း ကျောင်းသူ/သားများအနေဖြင့် သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲများ၊ ရာသီဥတုပြောင်းလဲမှုများနှင့် သစ်ပင်သစ်တောများ၏ အကျိုးကျေးဇူးအကြောင်းအရာများကို သိရှိနားလည်တတ်စေရန်နှင့် ဗလငါးတန်နှင့်ဘက်စုံ ဖွံ့ဖြိုးပြည့်စုံသော အနာဂတ်လူရွယ်လူငယ်များ ပေါ်ထွန်းလာစေရန်…စသည့် ရည်ရွယ်ချက်များဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်သစ်တောဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေး မှူးရုံး အစည်းအဝေးခန်းမအတွင်း သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာများ အသိပညာပေးဟောပြောပွဲပြုလုပ်ပေးကြောင်း သိရသည်။

ပုလောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နိုင်ငံတော်အဆင့် လူရည်ချွန်မောင်မယ်များအား ကြိုဆို၊ ဂုဏ်ပြု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နိုင်ငံတော်အဆင့် လူရည်ချွန်မောင်မယ်များအား ကြိုဆို၊ ဂုဏ်ပြု ချီးမြှင့်ပွဲအခမ်းအနားကို  ယနေ့နံနက် (၉)နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခမ်းအနားမှူး သင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီမံဆောင်ရွက်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသော ဌာနဆိုင်ရာဝန်ထမ်းများအား အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက်ပိုင်းက ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြိတ်မြို့ သားဖွားသင်တန်းကျောင်းတွင် ဘက်စုံသားဖွား ဒီပလိုမာသင်တန်းသူများအား  ဦးဆောင်းအပ်နှင်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ သားဖွားသင်တန်းကျောင်းတွင် အပတ်စဉ်(၁၁) ဘက်စုံသားဖွား ဒီပလိုမာသင်တန်းသူများအား  ဦးဆောင်းအပ်နှင်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

မြိတ်မြို့တွင် လူတစ်ဦးချင်းစီ၏ Biometric အချက်အလက်များ စာရင်းကောက်ယူခြင်းလုပ်ငန်း စဉ်ဆက်မပြတ်ဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူလူထုများ၏ကိုယ်ရေးအချက်အလက်မှတ်တမ်းများကို e-ID စနစ်ဖြင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရှိရာ မြိတ်မြို့နယ်အတွင်းရှိ ပြည်သူများ၏ Biometric အချက်အလက်များ စာရင်းကောက်ယူခြင်းလုပ်ငန်းကို မြိတ်မြို့နယ်တွင် ဆိပ်ငယ်ရပ်ကွက်၊ ရုံးလမ်း မြိတ်မြို့နယ်ဦးစီးမှူးရုံးနံဘေး အဆောက်အဦတွင် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထားဝယ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ သဘာဝဘေးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရန် အသံချဲ့စက်ဖြင့် သတိပေးနှိုးဆော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ယမန်နေ့နံနက်ပိုင်းတွင် ထားဝယ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ သဘာဝဘေးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရန်အသံချဲ့ စက်ဖြင့် သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းခြင်းအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ အဏ္ဏဝါပတ်ဝန်းကျင် ညစ်ညမ်းခြင်းအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

ရေဖြူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ မြန်မာစာရေးသားနည်းသင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်များ၌ကျောင်းသား၊ ကျောင်းသူများ အချိန်ကိ တန်ဖိုးရှိရှိအသုံးချတတ်စေရန်နှင့် ဘက်စုံ ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြန်မာစာရေးသားနည်းသင်တန်းကို ယနေ့နံနက် (၈) နာရီအချိန်က ရေဖြူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

ကျွန်းစုမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက် သိုးမွှေးထိုးနည်းသင်တန်း ဖွင့်လှစ်သင်ကြား

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သိုးမွှေးထိုးနည်းသင်တန်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး