တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထားဝယ်ဗုဒ္ဓတက္ကသိုလ် အဆောက်အဦအသစ် အုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားသို့တက်ရောက်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကျောက်မော်ရပ်၊ မဟာစည်မြို့မယဉ်ငေးသာသနာ့ရိပ်သာကျောင်းတိုက်အတွင်း ဗုဒ္ဓမြတ်စွာ၏အဆုံးအမများကို စနစ်တကျကျယ်ပြန့်စွာ လေ့လာသင်ကြားနိုင်ကြစေရန်ရည်သန်၍ ထားဝယ်ဗုဒ္ဓတက္ကသိုလ် အဆောက်အဦအသစ် အုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆ နာရီက မဟာစည်မြို့မယဉ်ငေးသာသနာ့ရိပ်သာကျောင်းတိုက်အတွင်း၌ ကျင်းပသည်။