ပြည်ကြီးမဏ္ဍိုင်မြို့တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသားသဘာဝအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ချီးမြှင့်ငွေများပေးအပ်သည့်အခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန်က လေညာအရှေ့ရပ်ကွက်ရှိ တပ်နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။