ပုလောမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းသီးနှံ(မတ်ပဲ၊မြေပဲ၊ နေကြာ၊ အစေ့ထုတ်ပြောင်း) မျိုးစေ့များအား အကျိုးဆောင်တောင်သူများသို့ ချီးမြှင့်ပေးအပ်
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ်၊ဆောင်းသီးနှံ (မတ်ပဲ၊မြေပဲ၊ နေကြာ၊ အစေ့ထုတ်ပြောင်း) မျိုးစေ့များအား အကျိုးဆောင်တောင်သူများသို့ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။