အမြို့မြို့အနယ်နယ်သတင်းများ

၁၃၈၇ ခုနှစ်၊ မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီးစာပေပညာရှင် ဆရာကြီးနေဝန်းနီအား ထပ်ဆင့်ပူဇော်ကန်တော့ပွဲကျင်းပ

မြန်မာနိုင်ငံ မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲကို မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)မှ နှစ်စဉ်ကျင်းပဆောင်ရွက်ခဲ့ရာ ဇီးကုန်းမြို့နယ်မှ ပူဇော်ကန်တော့ခွင့်ရသည့် ဆရာကြီးဦးအေးရွှေ(နေဝန်းနီ)အား မြို့နယ်စာရေးဆရာအသင်းမှ ထပ်ဆင့်ပူဇော်ကန်တော့ပွဲကို ယနေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်ငူမြို့၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့်သူများ ကြိုတင်ဆန္ဒမဲပေးနှံ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အားကစားကွင်း၊ မိုးလုံလေလုံအားကစားခန်းမ၌ ယနေ့နံနက် ၈ နာရီအချိန်ခန့်က တောင်ငူမြို့နယ်အတွင်း ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့်သူများ၊ ဆရာ၊ဆရာမများကြိုတင်ဆန္ဒမဲပေးနှံကြသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ရေနံချောင်းမြို့နယ်၌ ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစစ်ဆေးကုသပေးနေမှုများအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊တိုင်း၊ခရိုင်၊မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရေနံချောင်းမြို့နယ်အတွင်းဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစစ်ဆေးကုသပေးနေမှုများအား ကြည့်ရှုစစ်ဆေးသည်။

မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆင်ဆံရေးဦးစီးဌာန၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေအပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် (၉)နာရီက ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်သည်။

ဒေးဒရဲမြို့၌ မျက်စိခွဲစိတ်ကုသမှုအလှူတော်နှင့် လူမှုရေးအသင်းအဖွဲ့များအား ငွေပဒေသာပင်များ စိုက်ထူလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ မျက်စိဝေဒနာ ပတ်သတ်သောရောဂါများ စမ်းသပ်ခြင်း၊ ခွဲစိပ်ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် ဒေးဒရဲမြို့ စက္ခုဒါနဆေးခန်း၌ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ မျက်စိခွဲစိတ်ကုသရန်လိုအပ်လျက်ရှိသည့် ပြည်သူများအား မျက်စိခွဲစိတ်ကုသမှုအလှူတော်နှင့် လူမှုရေးအသင်းအဖွဲ့များအား ငွေပဒေသာပင်များ စိုက်ထူလှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက မြို့နယ်သာသနာ့ဗိမာန် ပရိဝုဏ်ရှိ စက္ခုဒါနဆေးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တီးတိန်မြို့၌  ယာယီနေရပ်စွန့်ခွာသူနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ပြုလုပ်

ချင်းပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့်တီးတိန်မြို့၌ တီးတိန်ခရိုင်နှင့်တီးတိန်မြို့နယ်အတွင်း  ယာယီနေရပ်စွန့်ခွာသူနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၌ ဒီဇင်ဘာအားကစားလှုပ်ရှားမှုအထိမ်းအမှတ် ကရာတေးပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ အလုံမြို့နယ်ခန်းမ၌ ယနေ့နံနက်ပိုင်းက ဒီဇင်ဘာအားကစားလှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် ကရာတေးပြိုင်ပွဲ ကျင်းပခဲ့သည်။

ငါးသိုင်းချောင်းမြို့တွင်အကြိမ်(၃၀)မြောက်အာစရိယပူဇော်ပွဲနှင့်ဈေးရောင်းပွဲတော်များ၊ပျော်ပွဲရွှင်ပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် အကြိမ်(၃၀) မြောက်အာစရိယပူဇော်ပွဲနှင့် ဈေးရောင်းပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲများကို ယမန်နေ့ ညနေပိုင်းမှစတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ငရုတ်ကောင်းမြို့တွင် ဆောင်းဆီထွက်သီးနှံ နေကြာမျိုးစေ့ချစိုက်ပျိုး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာ တောင်သူ ဦးဝင်းနိုင်၏ လယ်မြေ၌ ဆောင်းဆီထွက်သီးနှံ (နေကြာ) Super Sun 41 မျိုးစေ့များအား စိုက်ပျိုးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ငွေဆောင်ကမ်းခြေ၌ အပန်းဖြေလည်ပတ်သူများဖြင့် စည်ကားများပြား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေသို့ အစိုးရရုံးပိတ်ရက်နှင့် ဒီဇင်ဘာကျောင်းပိတ်ရက် ကာလဖြစ်သော ဒီဇင်ဘာလ(၁၉)ရက်၊ (ကရင်နှစ်သစ်ကူးနေ့)မှ စတင်၍ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ