မြို့သစ်မြို့နယ်တွင် ပထမရက် (၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အများပြည်သူတို့၏ အခြေခံလိုအပ်ချက်များကိုရှေးရှု၍ ဝန်ဆောင်မှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိရာ အစိုးရအသစ်၏ ပထမရက် ၁၀၀ ကာလစီမံချက်ဖြင့် ကျေးရွာမြေဌားဂရန်ထုတ်ပေးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကံဆွယ်ကျေးရွာအုပ်စု၊ ကံကြီး (တ)ကျေးရွာသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။