အမြို့မြို့အနယ်နယ်သတင်းများ

စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင် တန်းဆင်းပွဲပြုလုပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ စခန်းအခြေပြုပြန်လည် ထူထောင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၆)သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၂၄ရက် နံနက် ၁၀ နာရီခွဲက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၇၃ လမ်း၊ ၁၁လမ်းရှိ မူးယစ်ဆေးဖြတ်ပြီး သူများပြန်လည်ထူထောင်ရေးစခန်း၌ ကျင်းပပြုလုပ်ရာ  ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သင်းသင်းခိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးနေအောင်ကျော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု၊ (မန္တလေး) တပ်ဖွဲ့စုမှူး ရဲမှူးသူဇာလွင်နှင့် တပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း (မန္တလေး)မန်နေဂျာ လက်ထောက်ညွန်ကြားရေးမှူး ဦးဇော်ထက်အောင်နှင့်ဝန်ထမ်းများ၊ မန္တလေးလူငယ်သင်တန်းကျောင်းအုပ်ကြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်း၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးအသင်းဗဟိုဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဗဟိုအတွင်းရေးမှူး ဦးမြင့်သန်းနှင့်ဗဟိုအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောတာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ကြသည်။

သန်လျင်မြို့နယ်ရှိ ဌာနဆိုင်ရာရုံးများ၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၄ ရက် ညနေ(၄)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ဆောင်ရွက်ခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့က (၂၂)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၂)နှစ်မြောက်၊ နှစ်ပတ်လည်အခမ်းအနား ထပ်ဆင့်ရှင်းလင်းပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး (လွှတ်တော်ရုံးဟောင်း) အစည်းအဝေးခန်းမတွင် မတ်လ ၂၄ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်မမနှင့် နာယကအဖွဲ့ဝင်များ၊ ဥက္ကဋ္ဌ ဒေါ်မီမီစိုး၊ အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းနှင့်လုပ်ငန်းအဖွဲ့ ခေါင်းဆောင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မှော်ဘီမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံအင်္ဂလိပ်စာသင်တန်း (အခမဲ့) တတိယနေသင်ကြား

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား၊ ကျောင်းသူလူငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း စာကြည့်တိုက်ကို အကျွမ်းဝင်ချစ်ခင်၍ ဝင်ထွက်သွားလာကာ အသိပညာဗဟုသုတတိုးပွားစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်း တတိယနေ့ ယနေ့ နံနက် ၉ နာရီ အချိန်မှ ၁၁ နာရီထိ သင်ကြားခဲ့သည်။

ဟုမ္မလင်းမြို့၌ တိုင်းရင်းဆေးပညာ(ဆင့်ပွား)သင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ အခြေခံတိုင်းရင်းဆေးပညာရပ်များကို သိရှိနားလည်စေရန် ရည်ရွယ်၍ တိုင်းရင်းဆေးပညာ(ဆင့်ပွား)သင်တန်းကို ဟုမ္မလင်းမြို့နယ် တိုင်းရင်းဆေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ယ‌နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကလောမြို့၌ တစ်ခါသုံးပလတ်စတစ်ပစ္စည်းများသုံးစွဲမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့၊ မြို့နယ်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ကလောချောင်းအတွင်း အမှိုက်စွန့်ပစ်ခြင်းများ တားဆီးကာကွယ်ရန် ရည်ရွယ်၍ တစ်ခါသုံးပလတ် စတစ်ပစ္စည်းများသုံးစွဲမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်နေဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦး ချောင်းသာမြို့ရှိ Grand Hotel RC(၁)ထပ် အဆောက်အဦ ထပ်တိုးဆောက်လုပ်နေမှုနှင့် ကမ်းခြေသန်းရှင်းသာယာလှပရေး ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးသည် ယနေ့နေ့လယ်ပိုင်းတွင် ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ဟိုတယ်နှင့်ခရီးသွားလာမှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်လျက်ရှိသော Grand Hotel RC(၁)ထပ် ထပ်တိုးအဆောက်အအုံ(၁)လုံး ဆောက်လုပ်‌နေမှုနှင့် ကမ်းခြေ‌သန့်ရှင်းသာယာလှပရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကြံခင်းမြို့နယ်၌ ကျေးရွာစာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာအား သတ်မှတ်စံနှုန်းနှင့် ပြည်စုံမှု ရှိ / မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရွှေပန်းတောအုပ်စု၊ ဝဲကြီးကျေးရွာ၌ ကျေးရွာစာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာအား ယနေ့ မွန်းလွဲပိုင်းက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကြသည်။

မင်းဘူး(စကု)မြို့နယ်၌ သီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် စစ္စခမ်းရိုးအား တူးဖော်ဆောင်ရွက်ပေးသွားမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရေပုတ်ကျေးရွာရှိ ဒေသခံတောင်သူများ၏ စိုက်ပျိုးမြေသီးနှံစိုက်ခင်း ဧကပေါင်း ၄၀၀ အား ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် စစ္စခမ်းရိုးအား အရှည် ၃၂၀၀ ပေ တူးဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ဆည်/မြောင်း)မှ သိရသည်။

ဓနုဖြူမြို့နယ်၌ ဂတ်စ်အရောင်းဆိုင်များ မီးဘေးအန္တရာယ်လုံခြုံရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေးပစ္စည်းများ ကောင်းမွန်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ဂတ်စ်အရောင်းဆိုင်များ မီးဘေးအန္တရာယ်လုံခြုံရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေးပစ္စည်းများ ကောင်းမွန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က အမှတ်(၉)ရပ်ကွက်ရှိ ဦးကျော် ဂတ်စ်နှင့် ဂတ်စ်မီးဖိုအပိုပစ္စည်း ရောင်းဝယ်ရေးဆိုင်၌ ကွင်းဆင်းစစ်ဆေးခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ