အမြို့မြို့အနယ်နယ်သတင်းများ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းတာဝန်ခံ ဦးသန်းအောင်ကျော် အောင်မြေသာစံမြို့နယ်၌ မဲရုံများပြင်ဆင်ထားမှုများ လှည့်လည်ကြည့်ရှု

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းတာဝန်ခံ ဦးသန်းအောင်ကျော်သည် ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက အောင်မြေသာစံမြို့နယ်အတွင်း မဲပေးစက်များထားရှိမှု၊ မဲရုံပြင်ဆင်ထားမှုအခြေအနေတို့ကို ကြည့်ရှုစစ်‌ဆေးသည်။

ရွှေဘိုမြို့တွင် မဲရုံတာဝန်ကျဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊‌ ရွှေဘိုမြို့တွင် မဲရုံတာဝန်ကျဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ရပ်ကွက်ရုံး၌ ဒီဇင်ဘာလ ၁၉ ရက်နေ့မှစ၍ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်‌နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်‌ရေး‌နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ စာစီစာကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲကို ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ကျွန်းလှမြို့နယ်၌ ပဲစင်းငုံ အောင်မြင်ဖြစ်ထွန်းပြီး သီးနှံပေါ်ချိန်ဈေးကောင်းရရှိရေးမျှော်လင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ပဲမျိုးစုံသီးနှံကို ရာသီအလိုက် စိုက်ပျိုးကြရာ ယခုနှစ်မိုးရာသီစိုက်ပျိုးသော ပဲစင်းငုံ အောင်မြင်ဖြစ်ထွန်းပြီး သီးနှံပေါ်ချိန် ဈေးကောင်းရရှိရေး မျှော်လင့်နေကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ပြည်နယ်ရွေးကောက်ပွဲအရာရှိနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများ တွေ့ဆုံပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ရာပြည့်ခန်းမ) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဆောင်းရာသီ အသက် (၂၅)နှစ်အောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်

၂၀၂၅ ခုနှစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဆောင်းရာသီ အသက်(၂၅)နှစ်အောက် ရပ်ကွက်/ ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၁၅)ရက်နေ့ မွန်းလွဲ ၂ နာရီက ငြိမ်းချမ်းသာယာဖူဆယ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အားပေးချီးမြှင့်သည်။

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (နဝမ) အကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိကြသည့် တပ်မတော်သားများကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ (နဝမ) အကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ် ယမန်နေ့ နံနက်ပိုင်းအချိန်က အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀) မင်္ဂလာဒုံ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ တပ်မှူး ဗိုလ်မှူးချုပ်မြင့်ဇော်နှင့် အရာရှိ/စစ်သည်များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဗဟိုကော်မတီအတွင်းရေးမှူးများ၊ ဗဟိုအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် ဗဟိုတာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ၊ တိုင်းဒုတိယဥက္ကဋ္ဌများ၊ တိုင်းအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ခရိုင်ဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် သွေးလှူရှင် (၁၀၂) ဦးတို့ တက်ရောက်ကြသည်။

တောင်သာမြို့နယ်၌ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး တတိယအကြိမ်စစ်ဆေး

မကြာမီကျင်းပတော့မည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသက် ၁၈ နှစ်ပြည့်ပြီး၊ နိုင်ငံသားတိုင် ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးရေး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တတိယအကြိမ် တိုက်ဆိုင်စစ်ဆေးခြင်းကို မြို့နယ်ကော်မရှင်ရုံး၌ ယနေ့နက်နံ ၁၀ နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒီဇင်ဘာကျောင်းပိတ်ရက် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်းခရီးသွား ဧည့်သည်များဖြင့် စည်ကား

ဒီဇင်ဘာခရစ္စမတ်ရုံးပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရသမိုင်းဝင် ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများတွင် ပြည်တွင်းဘုရားဖူးဧည့်သည်များ အလွန်များပြားစွာ လာရောက်လျက်ရှိကြောင်း ထီးလိုမင်းလိုဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်လှဦးထံက သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ