မိတ္ထီလာမြို့ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရောက်မှုပေး
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် အလည်ရွာကျေးရွာ၌ ကုတင် (၂၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ဆေးကုသရေးအဖွဲ့သည် ဒီဇင်ဘာလ ၂၂ ရက်နေ့က အလည်ရွာတိုက်နယ်ဆေးရုံသို့ ကွင်းဆင်း၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။