ကြံခင်းမြို့ပေါ်ရပ်ကွက်များရှိ မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက်များတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့် မဲရုံ များပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်တာဝန်ခံနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။