ရေတာရှည်မြို့နယ်၌ မွေးကင်းစမှအသက် (၂) နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး/ထိုးနှံပေးခြင်း
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်မှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။