အမြို့မြို့အနယ်နယ်သတင်းများ

မင်းဘူးမြို့၌ ကြိုတင်မဲပေးသည့်နေရာ မဲပေးစက်ထားရှိသည့်နေရာများနှင့် မဲရုံအနီးပတ်ဝန်းကျင် မီးဘေးလုံခြုံရေး စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းရန် ကြိုတင်မဲပေးသည့်နေရာ၊ မဲပေးစက်ထားရှိသည့်နေရာများနှင့် မဲရုံအနီး ပတ်ဝန်းကျင်နေရာများ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့က သတ်မှတ်နေရာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နေ့လယ်၂ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့တွင် အထူးကုကွင်းဆင်းဆေးကုသမှုအစီအစဉ် ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ အထူးကုကွင်းဆင်းဆေးကုသမှုအစီအစဉ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆရာဝန်အဖွဲ့ (၇) ဖွဲ့ အခမဲ့ကွင်း‌ဆင်းစစ်ဆေးကုသပေးခြင်းကို ပထမနိမ္မိတသပိတ်မြတ်ဘုရားတွင် ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်သယံဇာသရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

ပန်းတောင်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းအား တတိယအကြိမ် ကပ်ထားကြေညာ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများသို့ ယနေ့နံနက်ပိုင်းက မဲဆန္ဒရှင်စာရင်းများအား တတိယအကြိမ် ကပ်ထားကြေညာခဲ့ရာ ပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းများ (တတိယအကြိမ်) ကပ်ထားကြေညာလျက်ရှိ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများအား ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် (တတိယအကြိမ်) ကပ်ထားကြေညာလျက်ရှိသည်။

မိုင်းရှူးမြို့၌ မဲစာရင်းများ တတိယအကြိမ် ကပ်ထားကြေညာခြင်းမပြုမီ မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်း မဲပေးပိုင်ခွင့်ရှိပြည်သူများမဲပေးနိုင်ရေး၊ မဲစာရင်းများ တတိယအကြိမ် ကပ်ထားကြေညာခြင်းမပြုမီ မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့နံနက် (၁၀) နာရီခွဲက အမှတ်(၂)ရပ်ကွက် ပတ္တမြားခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ကြို့ပင်ကောက်မြို့၌ မဲဆန္ဒရှင်စာရင်းများမှန်ကန်စေရေး ပေါင်းစပ်ညှိနှိုင်းတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော ပြည်သူများမဲပေးနိုင်ရေး မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် ပြန်လည်စိစစ်ဆောင်ရွက်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုးနဲမြို့နယ်၌ အခြေခံပညာကျောင်းများတွင် မဲရုံပြင်ဆင်ထားရှိမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံပညာကျောင်းများတွင် မဲရုံပြင်ဆင်ထားရှိမှုအား လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများကို ဒီဇင်ဘာ ၂၂ ရက်နေ့က အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်‌အောင်ကိုဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်လုံမြို့၌ ကြိုတင်ဆန္ဒမဲပေးခြင်း ဆောင်ရွက်

ပင်လုံမြို့ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ဒီဇင်ဘာလ ၁၈ ရက်နေ့မှစတင်ပြီး ကြိုတင်ဆန္ဒမဲပေးကြကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ