မိုင်းယောင်းမြို့၌ နိုင်ငံ့သားကောင်း တာဝန်ကျေ ပြည်သူ့စစ်မှုထမ်းများအား ကြိုဆို
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က နိုင်ငံ့သားကောင်း တာဝန်ကျေပြည်သူ့စစ်မှုထမ်းများအား ကြိုဆိုပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌တွေ့ဆုံကာ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးသည်။