အမြို့မြို့အနယ်နယ်သတင်းများ

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒေသခံများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက  ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

တောင်ငူမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲပေးစက်၊ စက်ကိုင်များအား မွမ်းမံသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ​အပိုင်း (၁) ​အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ ကြီးကြပ်၍ မဲပေးစက်၊ စက်ကိုင်များအား မွမ်းမံသင်တန်းကို ယနေ့နံနက် (၉) နာရီအချိန်က ကေတုရတနာခန်းမနှင့် အ.ထ.က (၄) ကျောင်းတို့၌ မွမ်းမံသင်တန်းဖွင့်လှစ်သည်။

တောင်ကြီးမြို့၌၂၀၂၅ ခုနှစ်၊ ဖိတ်ခေါ် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဖြူစိမ်းအားကစားပစ္စည်းဆိုင်တို့ ပူးပေါင်းကျင်းပသော ဒီဇင်ဘာလူထုအားကစားလှုပ်ရှာမှုအထိမ်းအမှတ် (အလွတ်တန်း) ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက်နေ့ ညနေ ၂ နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

မြစ်သားမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ (အခမဲ့)နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျန်တောကျေးရွာအတွင်းရှိ ပြည်သူများကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှကျန်းမာ ရေးဆရာမများနှင့် သားဖွားဆရာမများက (အခမဲ့)နယ်လှည့်ကွင်းဆင်းကျန်းမာရေးကုသခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများကို ဒီဇင်ဘာ ၁၈ ရက်နံနက် ၉ နာရီက ကုသ‌ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ ၂၇၆၅ ခုနှစ်၊ မြို့နယ်အဆင့် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၇၆၅ ခုနှစ်၊ မြို့နယ်အဆင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျုံဒရယ်ကျေးရွာအုပ်စု၊ ၁၀၈ တောင်သာသနာ့နယ်မြေတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရည်မွန်နှင့် အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စောအောင်သိုက်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသများ၊ ကရင်တိုင်းသား၊ တိုင်းရင်းသူများက တက်ရောက်ခဲ့ကြသည်။

ကလေးဝမြို့ပေါ်ရှိ မဲရုံပြုလုပ်မည့် နေရာများအား မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံပြုလုပ်မည့် နေရာများအား မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းအား ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံသာသနာ့နွယ်ဝင်သီလရှင်များ ပရိယတ္တိပဋိပတ္တိကျောင်းတိုက်တွင် (၄၁) ကြိမ်မြောက် (၅)မြို့နယ် စာပြန်စာမေးပွဲကြီးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကစံဘုရားလမ်းမ ကျိုက္ကစံသာသနာ့နွယ်ဝင်သီလရှင်များ ပရိယတ္တိပဋိပတ္တိကျောင်းတိုက်တွင် သီလရှင်များအလုပ်အမှုဆောင်အဖွဲ့နှင့် သာသနဟိတကာရီအမျိုးသမီးအဖွဲ့တို့မှ ကြီးမှူးကျင်းပသည့် (၄၁) ကြိမ်မြောက် (၅) မြို့နယ် စာပြန်စာမေးပွဲကြီးအား ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လယ်၁နာရီက သင်္ဃမိတ္တာကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ (အခမဲ့) နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျန်တောကျေးရွာအတွင်းရှိ ပြည်သူများကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာ ရေးဆရာမများနှင့် သားဖွားဆရာမများက(အခမဲ့) နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများကို ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်က ကုသ‌ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် မဲရုံများဖွင့်လှစ်ရန်လျာထားသည့် နေရာများအား တာဝန်ရှိသူများမှ လိုက်လံစစ်ဆေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈)ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများဖွင့်လှစ်ရန် လျာထားသည့်နေရာများအား ယမန်နေ့နံနက်ပိုင်းမှစတင်ကာ တာဝန်ရှိသူများမှ လိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကရင်သက္ကရာဇ် (၂၇၆၅) ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်

ကရင်သက္ကရာဇ် (၂၇၆၅) ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ သံလွင်မြစ်ကမ်းနဖူး၊ အမှတ် (၃) ရပ်ကွက်၊ မုန့်ညဈေးတန်းနေရာ၌ ကျင်းပသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ