ညောင်တုန်းမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်ရေးအတွက် စောင့်ကြည့်ရေးစင်တာ (၇) ခုဖွင့်လှစ်၍ ပြည်ပမှ ပြန်လာသူ (၁၀၀) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေး
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် ပြည်ပနိုင်ငံများမှ ပြန်လာသူများအား စောင့်ကြပ်ကြည့်ရှု စစ်ဆေးရန် သီးခြားထားရှိသောနေရာအဖြစ် စောင့်ကြည့်ရေးစင်တာ (၇) ခုကို ပြင်ဆင်ဆောင်ရွက်ထားရှိရာ မတ်လ (၂၇) ရက်နေ့မှစတင်၍ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီထိ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ စောင့်ရှောက်ကြီးကြပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးကြောင်း သိရသည်။