ဝေးလံခေါင်ဖျားဒေသသတင်းများ

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖလား ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

ကော့မှူး ဖေဖော်ဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့သစ်ရပ်ကွက် မြို့နယ် အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာတွင် ကျေးရွာသန့်ရှင်းသာယာရေး စုပေါင်းအမှိုက်ကောက်

ကျောက်တန်း ဖေဖော်ဝါရီ ၂

 ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာတွင် မျိုးဆက်သစ်လူငယ် ပရဟိတအဖွဲ့မှ ဦးဆောင်၍ ကျေးရွာလုံးကျွတ် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့ နံနက် ၇ နာရီမှ စတင်ကာ ဆောင်ရွက်ခဲ့သည်။

ထို့နောက် မျိုးဆက်သစ် လူငယ်ပရဟိတအဖွဲ့နှင့် အမှိုက်ကောက်ပြည်သူများအား ကျေးရွာမှ စေတနာရှင်များက အာဟာရဒါနများဖြင့် ကျွေးမွေးခဲ့ကြကြောင်း သိရသည်။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အ.ထ.က(၃၂)ကျောင်းခန်းမတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး နှစ်ဆုံးတတ်မြောက်မှု စံထားစစ်ဆေးခြင်း ဆိုင်ရာ (ဇုန်အဆင့်) စာမေးပွဲကြီးကြပ်ရေးမှူး သင်တန်းဖွင့်ပွဲကျင်းပ

မန္တလေး ဖေဖော်ဝါရီ ၂

ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး နှစ်ဆုံးတတ်မြောက်မှု စံထားစစ်ဆေးခြင်းဆိုင်ရာ (ဇုန်အဆင့်)စာမေးပွဲ ကြီးကြပ်ရေးမှူးသင်တန်းကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အ.ထ.က(၃၂)ကျောင်းခန်းမတွင် ယနေ့  နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။

(၂)ကြိမ်မြောက် ခေမာသီဝံဓမ္မစကူးလ် သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲကျင်းပ

ဂန့်ဂေါ ဖေဖော်ဝါရီ ၂

ဂန့်ဂေါမြို့၊ အမှတ်(၄)ရပ်ကွက် (၂)ကြိမ်မြောက် ခေမာသီဝံဓမ္မစကူးလ် သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲကို ယနေ့ နံနက် ၈ နာရီတွင် ခေမာသီဝံ စာသင်တိုက်၌ ပြုလုပ်ရာ သာသနဓဇ ဓမ္မာစရိယ ဆရာတော် ဦးပညာဝံသထံမှ ငါးပါးသီလကို ခံယူတည်ဆောက်ကြသည်။

ဆက်လက်၍ ခေမာသီဝံဘုန်းကြီးကျောင်းဂေါပက ဦးကျော်ဝင်းက အဟာရကုသိုလ်ရှင်များအား လည်းကောင်း၊ ခေမာသီဝံဘုန်းကြီးကျောင်း ဂေါပက ဦးမောင်အေးက ဓမ္မစကူးလ် ဆရာ၊ ဆရာမများအား လည်းကောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်နိုင်က ခေမာသီဝံဓမ္မစကူးလ် ကျွေးမွေးစောင့်ရှောက်ရေး အဖွဲ့အားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကြသည်။

စိုက်ပျိုဧက(၉၇၉၄)ဧက အကျိုးပြုသည့် တမုတ်စိုက်ပျိုးရေပေးမြောင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး စုပေါင်း အမှိုက်များကောက်

ကျောက်ဆည် ဖေဖော်ဝါရီ ၂

ကျောက်ဆည်မြို့တွင် အနော်ရထာမင်းကြီး လက်ထက်က ဖောက်လုပ်ခဲ့သည့် စိုက်ပျိုးမြေ (၉၇၉၄)ဧက အကျိုးပြုလျက်ရှိသည့် တမုတ်စိုက်ပျိုး ရေပေးမြောင်းအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ယမန်နေ့ နံ နက် ၈ နာရီအချိန်က ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းဇော် ဦးဆောင်မှုဖြင့် စုပေါင်းအမှိုက်ကောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေဦးမြို့ အ-ထ-က(၁)တွင် ဓမ္မစကူးလ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရေဦး ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီးရေဦးမြို့ အမှတ်() အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ နံနက် ၈ နာရီက ဓမ္မစကူးလ် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသမီးများ အိမ်တွင်းမှု သက်မွေးဝမ်းကျောင်း ဆောင်ရွက်နိုင်စေရန်အတွက် အဝတ်လျှော်ဆပ်ပြာရည် ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသမီးများ သက်မွေးဝမ်းကျောင်းမှု အထောက်အကူဖြစ်စေရန်အတွက် တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြင့် ဝင်ငွေရှာဖွေနိုင်စေမည့် အဝတ်လျှော် ဆပ်ပြာရည် ပြုလုပ်နည်း သင်တန်းဖွင့်ပွဲကို ယမန်နေ့  နံနက် ၁၀ နာရီက  အဆိုပါရုံး   သင်တန်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

လူငယ်နှင့်မူယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ပြုလုပ်

စဉ့်ကိုင် ဖေဖော်ဝါရီ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့၊ တရုတ်စုရပ်ကွက်အတွင်းရှိ အခြေခံပညာ အလယ် တန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက လူငယ်နှင့် မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် ကာယဗလမောင်ပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အကြိုညှိနှိုင်းဆွေးနွေး

စစ်ကိုင်း ဖေဖော်ဝါရီ ၂

စစ်ကိုင်းမြို့တွင် ၂၀၂၀ပြည့်နှစ် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီ(၉)နေ့ည(၆) နာရီတွင် ကျင်းပပြုလုပ်မည့် ကာယဗလမောင်၊ သက်ကြီးမောင်နှင့် သက်ကြီး အလေးမပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို စစ်ကိုင်းမြို့ ရွှေဟင်္သာခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ထီးလင်း-ဂန့်ဂေါ ကားလမ်း မင်းရွာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြော

ဂန့်ဂေါ ဖေဖော်ဝါရီ ၂

ဂန့်ဂေါမြို့နယ် မင်းရွာရဲကင်းစခန်းမှူး ရဲအုပ်မင်းမင်းကျော်နှင့် အဖွဲ့သည် ထီးလင်း-ဂန့်ဂေါ ကားလမ်း မင်းရွာတွင် ဖြတ်သန်းမောင်းနှင်ကြသည့် ကားများ၊ ဆိုင်ကယ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့်အညီ ဖြစ်စေရေး စစ်ဆေးကာ ပညာပေးဆွေးနွေးလျက် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်း တို့ကို ယမန်နေ့က ဆောင်ရွက်ကြသည်။

Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ