မလှိုင်မြို့၌ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက် လုပ်ငန်းများတွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး စတင် ထည့်သွင်း တိုက်ကျွေး
မလှိုင် ဖေဖေါ်ဝါရီ ၂
ကာကွယ်ဆေးထိုး/ဆေးတိုက် လုပ်ငန်းများကို လူအုပ်စုတိုင်း၊ ကလေးတိုင်းသို့ ရောက်ရှိစေရန်နှင့် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး စတင်ထည့်သွင်း တိုက်ကျွေးခြင်း ဖွင့်ပွဲနှင့် မြို့နယ်အဆင့် အသိပေးတင်ပြခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မလှိုင်မြို့ ပြည်သူ့ဆေးရုံ အစည်းဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။