ဝေးလံခေါင်ဖျားဒေသသတင်းများ

မြစိမ်းရောင်စီမံကိန်းကျေးရွာများသို့ စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

မအူပင် ဇန်နဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်း ကျေးရွာများသို့ ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀) နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပခုက္ကူမြို့နယ်၊ ကျေးရွာအချို့တွင် ပန်းမျိုးစုံစိုက်ပျိုးသည့် တောင်သူများ မိသားစုဝင်ငွေ အဆင်ပြေလျက်ရှိ

ပခုက္ကူ  ဇန်နဝါရီ  ၉

ပခုက္ကူမြို့နယ်ရှိ ကျေးရွာများတွင် ဆောင်းသီးနှံများ၊ ရာသီပေါ်သီးနှံများ စိုက်ပျိုးကြသည့်အပြင် ပန်းမျိုးစုံကို တပိုင်တနိုင်စီးပွားရေးလုပ်ငန်းအဖြစ် စိုက်ပျိုးသည့် တောင်သူများလည်း မိသားစုဝင်ငွေ၍ အဆင်ပြေကောင်းမွန်လျက်ရှိကြောင်း သိရသည်။

မြို့နယ်အမျိုးသမီးအားကစားကော်မတီဥက္ကဋ္ဌဖလား အမျိုးသမီးကိုယ်ကာယအလှမယ်ပြိုင်ပွဲ ယင်းမာပင်၌ ကျင်းပ

ယင်းမာပင်     ဇန်နဝါရီ      ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင်  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အမျိုးသမီး အားကစားကော်မတီ  ဥက္ကဋ္ဌဖလား အမျိုးသမီးကိုယ်ကာယအလှမယ်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ယင်းမာပင်မြို့ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

မင်းဘူးခရိုင်တရားရုံး၏ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် ရှင်းလင်းပွဲ အခမ်းအနား ကျင်းပ

မင်းဘူး     ဇန်နဝါရီ      ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တရားရုံး၏ နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က မင်းဘူးမြို့၊ နမ္မဒါရပ်ကွက်၊ ရွှေဝါဝင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင်မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ ဦးစိန်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်စိုးဉာဏ်က နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို မိတ်ဆက် ရှင်းလင်းပြောကြားခဲ့သည်။

မိတ္ထီလာမြို့နယ်၌ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

မိတ္ထိလာ    ဇန်နဝါရီ    ၉

မိတ္ထီလာမြို့နယ်၌ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မိတ္ထီလာ-ကျောက်ပန်းတောင်းသွားကားလမ်းပေါ်ရှိ မြတ်နိုးသူတိုးဂိတ်နီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မအူပင်မြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်

မအူပင် ဇန်နဝါရီ ၉

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်လျက်ရှိရာ မအူပင်မြို့ အမှတ်(၄)ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများအား မအူပင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး၊ အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းမှစ၍ ဘိုးဘွားများ၏ လက်ဝယ်အရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။

လူငယ်ရေးရာမူဝါဒမိတ်ဆက်ပွဲများပြုလုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

စေတုတ္တရာ    ဇန်နဝါရီ     ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် လူငယ်ရေးရာမူဝါဒမိတ်ဆက်ပွဲများ ပြုလုပ်နိုင်ရန် ဌာနဆိုင်ရာများနှင့် လူငယ်ရေးရာအဖွဲ့များပူးပေါင်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန(Community Centre)ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အစည်းအဝေးတွင်  လူငယ်ရေးရာကော်မတီဝင် ဆလိုင်းဖြိုးမင်းဟိန်းက  လူငယ်ရေးရာ မိတ်ဆက်ပွဲများ ကျင်းပပြုလုပ်မည့် အစီအစဉ်များအား ဆွေးနွေးပြောကြားသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် (၈)မြို့နယ် သုဓမ္မာနိကာယဝိနည်းစာ ပြန်ပွဲသို့ ကြွရောက်တော်မူလာကြသော သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူ

ကွမ်းခြံကုန်း  ဇန်နဝါရီ  ၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကျင်းပပြုလုပ်လျက်ရှိသော သုဓမ္မာနိကာယ ဝိနည်းစာပြန်ပွဲသို့ ကြွရောက်တော်မူလာကြသော သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူမှုကို ယမန်နေ့နံနက် ၈နာရီမှစ၍ မြို့ပေါ်ရပ်ကွက်များရှိ အလှူရှင်များက လောင်းလှူပူဇော် ကြည်ညိုခဲ့ကြသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏ ထူးချွန်ဆု ၅၅၆ ဆု ချီးမြှင့်

ရန်ကုန်  ဇန်နဝါရီ  ၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏ ထူးချွန်ဆုများ ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အ-ထ က (၂) ကျောင်း စပယ်ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျင်ဆန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စိန်နှင့် ကျောင်းအုပ်ဆရာကြီး ၊ဆရာမကြီးများ၊ ဆုရကျောင်းသား/ကျောင်းသူများ၊ မိဘများ တက်ရောက်ခဲ့ သည်။

Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ