ဝေးလံခေါင်ဖျားဒေသသတင်းများ

အောင်မြေသာစံမြို့နယ်တွင် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

မန္တလေး  ဇန်နဝါရီ  ၈

၂၀၁၉-၂၀၂၀ ပညာသင်နှစ် အောင်မြေသာစံမြို့နယ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်၈နာရီက အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ ၂၄လမ်းနှင့် ၂၅လမ်းကြား၊ ၈၂လမ်းနှင့် ၈၃လမ်းကြားရှိ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း ဧသီဒါခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက စုံညီပွဲတော် တို့နွှဲပျော် သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးနှင့် မန္တလေးခရိုင် ပညာရေးမှူး ဦးခင်မောင်မြင့်တို့က အမှာစကား ပြောကြားကြသည်။

ဂန့်ဂေါတွင် ကုလားပဲကို ပိုမိုစိုက်ပျိုးလာ

ဂန့်ဂေါ  ဇန်နဝါရီ  ၈

ဂန့်ဂေါမြို့နယ်အတွင်း ကုလားပဲကို ယခင်နှစ်များက ဧက ၅၀၀ မှ ၇၀၀ ခန့်အတွင်းသာ စိုက်ပျိုးခဲ့ရာမှ ယခုနှစ် ဆောင်းရာသီတွင် ၂၆၄၅ ဧက စိုက်ပျိုးထားရာ ဧက ၂၀၀၀ ခန့် ပိုမိုတိုးချဲ့ စိုက်ပျိုးလာကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

"အရင်က မိုးစပါးအပြီး လယ်မှာ တခြားသီးနှံတွေ စိုက်ခဲ့ပါတယ်၊ အခု ကုလားပဲကို စမ်းသပ်စိုက်ကြည့်တော့ ကုလားပဲဖြစ်တာ တွေ့ရပါတယ်၊ ကျွန်တော့်စိုက်ကွင်းကတော့ သီးကြိုစိုက်တာပါ" ဟု လာပို့ကျေးရွာမှ ကုလားပဲစိုက် တောင်သူတစ်ဦးက ပြောသည်။

မြင်းခြံမြို့နယ်၌ ပညာရေးစုံညီပွဲတော် ကျင်းပ

မြင်းခြံ ဇန်နဝါရီ ၈

မန္တလေးတိုင်းဒေသကြီး ၊ မြင်းခြံမြို့ ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ဧရာဝတီ ခန်းမတွင် (၂၀၁၉-၂၀၂၀)ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ

မိတ္ထီလာ  ဇန်နဝါရီ  ၈

မိတ္ထီလာမြို့နယ်၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉နာရီ အချိန်က အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုက်မ​​ရော နတ်စမ်းကွင်း၌ အ​စေ့ထုတ်​ပြောင်းများ စမ်းသပ်စိုက်ပျိုး

ကျိုက်မ​ရော  ဇန်နဂါရီ  ၈

မွန်ပြည်နယ် ကျိုက်မ​ရောမြို့နယ် နတ်စမ်းကွင်းရှိ စိုက်ပျိုး​​ရေးဦးစီးဌာန မြို့နယ် စမ်းသပ်စိုက်ကွက်၌ ဆောင်းရာသီ သီးနှံအဖြစ် အ​စေ့ထုတ်​ပြောင်းများ စမ်းသပ်စိုက်ပျိုးခြင်းကို ယ​နေ့နံနက် ၉ နာရီက စိုက်ပျိုး​ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှတင်​မောင်နှင့် စိုက်ပျိုး​ရေး ဝန်ထမ်းများနှင့် နတ်စမ်း​ကျေးရွာ တောင်သူများ ပူးပေါင်း၍ အစေ့ထုတ်ပြောင်းများ စမ်းသပ်စိုက်ပျိုးခြင်းကို စတင်​ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများ လွှဲပြောင်းပေးအပ်

ကျောက်ပန်းတောင်း  ဇန်နဝါရီ   ၈

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ပန်းတောင်းမြို့နယ်တွင်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို၊ ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့သည်။

ယင်းမာပင်မြို့နယ် စာရေးဆရာအသင်း ဖွဲ့စည်းအတည်ပြုနိုင်ရေးနှင့် စာပေဟောပြောပွဲ ကျင်းပဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ယင်းမာပင်    ဇန်နဝါရီ       ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင်  စာရေးဆရာအသင်းဖွဲ့စည်း အတည်ပြုနိုင်ရေးနှင့် စာပေဟောပြောပွဲ ကျင်းပဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ယင်းမာပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မအူပင်မြို့တွင် ဆိုင်ကယ်ကယ်ရီများ စနစ်တကျပြေးဆွဲရေး ဆွေးနွေးပွဲကျင်းပ

မအူပင်      ဇန်နဝါရီ        ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်း သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာပြီး ယာဉ်အန္တရာယ်ကင်းဝေးရေးအတွက် ဆိုင်ကယ်ကယ်ရီများ စနစ်တကျပြေးဆွဲရေး ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မအူပင်မြို့ ရေလဲလမ်းမကြီးအား လမ်းပြုပြင်ခြင်းနှင့် အဆင့်တိုးမြှင့်ခြင်းဆောင်ရွက်

မအူပင် ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ပေါ်ရှိ ရေလဲလမ်းမကြီးတစ်လျှောက် အောက်ခံမြေသား မကောင်းသည့် မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ကွန်ကရစ်လောင်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

လေးမျက်နှာမြို့နယ် မီးသတ်တပ်ဖွဲ့ မိသားစုစည်းလုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင်များ ဆွေးနွေးပွဲကျင်းပ

လေးမျက်နှာ  ဇန်နဝါရီ  ၈

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် မီးသတ်တပ်ဖွဲ့ မိသားစု စည်းလုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၂) နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ