ဝေးလံခေါင်ဖျားဒေသသတင်းများ

ကြံခင်းမြို့တွင် ဆရာ ၊ မိဘ ကျောင်းသား/သူများ ပညာရေးစုံညီပွဲတော် ကျင်းပ

ကြံခင်း  ဇန်နဝါရီ  ၈

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ဆရာ မိဘ ကျောင်းသား/ကျောင်းသူများ ပညာရေးစုံညီ ပွဲတော်ကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း ( အ.ထ.က-၁) ကတွင် ကျင်းပခဲ့သည်။

ဒေးဒရဲမြို့၌ ကိုယ်ဝန်ဆောင်မိခင်ထောက်ပံ့ခြင်းနှင့် လွတ်လပ်ရေးမောင်မယ် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ဒေးဒရဲ  ဇန်နဝါရီ  ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင် ထောက်ပံ့ခြင်းနှင့် လွတ်လပ်ရေးမောင်မယ် ဆုချီးမြှင့်ခြင်း အခမ်းအနားကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံးခန်းမ၌ ယမန်နေ့ ညနေ ၂ နာရီက  ကျင်းပပြုလုပ်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်၊ အ.ထ.က(၂) ကျောင်းသားကျောင်းသူဟောင်းများ၏ (၂၂)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကျင်းပမည်

ရန်ကုန်     ဇန်နဝါရီ      ၈

တောင်ဥက္ကလာပမြို့နယ်၊ အ.ထ.က (၂) ကျောင်းသား/ကျောင်းသူဟောင်းများ၏ (၂၂) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့) နံနက်(၉)နာရီ၌ ကျင်းပမည်ဖြစ်ပါသဖြင့် ကျောင်းသားဟောင်းများအဖွဲ့မှ အလှူငွေ ကောက်ခံလျက် ရှိသကဲ့သို့ ကျောင်းသားဟောင်းများအားလုံးလည်း ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံ နှိုးဆော်ထားသည်။ ထို့ပြင် အ.ထ.က (၂) ကျောင်းဆေးခန်း၌ အလှူခံဌာနကို အပတ်စဉ် စနေ‌နေ့နှင့် တနင်္ဂနွေနေ့၊ နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီအထိ ဖွင့်လှစ်ထားကြောင်း သိရသည်။

နေထက်အောင်

ရန်ကုန်မြို့တော်စည်ပင်သို့ အမှိုက်သိမ်းယာဉ် လှူဒါန်း

ရန်ကုန်  ဇန်နဝါရီ  ၈

ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်းရပ်ကွက်ရှိ Best battery trading ကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးမှ  အမှိုက်သိမ်းယာဉ်၊ ယာဉ် နှင့်သက်ဆိုင်သော အထောက်အထား စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်က အင်းစိန်မြို့နယ်ခန်းမရှေ့၌ ကျင်းပရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးသူရအောင်နှင့် လက်ထောက်ဌာနမှူး ဦးသန်းဌေးတို့က တက်ရောက်လက်ခံယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဖြူးမြို့နယ်တွင် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ လိုက်လံအားပေး

ဖြူး  ဇန်နဝါရီလ  ၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၁၉ ခုနှစ်၊ ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဇန်နဝါရီလ  ၂ရက်နေ့မှ ဇန်နဝါရီလ  ၁၅ ရက်နေ့အထိဆောင်ရွက်မည်ဖြစ်ပြီး  ဖြူးမြို့နယ်အတွင်း ကျေးရွာအုပ်စု(၁၈)စု၊ ကောက်ကွက်(၁၈)ခု၊ ကောက်ကွက်(၁)ခုလျှင် (၃၅)အိမ် ကောက်ယူမည်ဖြစ်သည်။

ပွင့်ဖြူမြို့နယ်၌ အခြေခံသမဝါယမ အသင်းသားများကို (၁၃) ကြိမ်မြောက် Exim Bank အသေးစား အရင်းအနှီး ချေးငွေများ ထုတ်ချေးပေး

ပွင့်ဖြူ   ဇန်နဝါရီ    ၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သမဝါယမဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ အခြေခံသမဝါယမ အသင်းသားများကို (၁၃) ကြိမ်မြောက် Exim Bank အသေးစား အရင်းအနှီးချေးငွေများ ထုတ်ချေးပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့နယ် သမဝါယမအသင်းစုရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်၌ နှစ်ဦးအကြို စုပေါင်းစက်ဘီးစီးနင်းပွဲ ကျင်းပမည်

ရန်ကုန်   ဇန်နဝါရီ‌   ၈

တောင်ဥက္ကလာပမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်ကျင်းပမည့် နှစ်ဦးအကြို စုပေါင်းစက်ဘီးစီးနင်းပွဲနှင့် စနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရေး အသိပညာပေးလှုပ်ရှားမှု အစီအစဉ်ကို ၁၂.၁.၂၀၂၀ ရက်နေ့၊ တနင်္ဂနွေနေ့၊ နံနက် (၆)နာရီအချိန်၌ တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံရှေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါ စက်ဘီးစီးနင်းမည့်လမ်း‌ကြောင်းမှာ သုမင်္ဂလာလမ်း၊ ရတနာလမ်း၊ ဝေဇယန္တာလမ်း၊ ပါရမီလမ်း၊ သံသုမာလမ်း၊ ရတနာလမ်းနှင့် သုမင်္ဂလာလမ်းများဖြစ်ပြီး မည်သူမဆို မိမိကြိုက်နှစ်သက်ရာ စက်ဘီးဖြင့် လိုက်ပါစီးနင်းနိုင်ကြောင်း သိရသည်။

နေထက်အောင်

မြသလွန်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စေတီတော်အထွဋ်သို့ တင်လှူပူဇော်ပွဲ ကျင်းပ

မကွေး     ဇန်နဝါရီ     ၈

သာသနာတော်နှစ်(၂၅၆၃) ကောဇာသက္ကရာဇ် ၁၃၈၁ ခု ပြာသိုလဆန်း(၁၃)ရက်၊ ယမန်နေ့ နံနက် ၇ နာရီက မကွေးတိုင်းဒေသကြီး မကွေးမြို့ ကျက်သရေဆောင် မြသလွန်စေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ မဟာဝိဇယရံသီတန်ဆောင်းတော်ကြီးအတွင်း၌ မြသလွန် စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကျင်းပခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေး စုံညီပွဲတော်နှင့်ဆုနှင်းသဘင် အခမ်းအနားကျင်းပ

ရန်ကုန်       ဇန်နဝါရီ         ၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက အဆိုပါကျောင်း၏ သီရိမြန်မာခန်းမ၌ ကျင်းပရာ မိဘဆရာအသင်းနာယက ဒုတိယဗိုလ်မှူးကြီး သန့်ဇင်(ငြိမ်း)က အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားပြီး  ကျောင်းအုပ်ဆရာကြီး ဦးသံဒိုင်က အမှာစကားပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

မောက်မယ်  ဇန်နဝါရီ  ၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ  လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေ​​ထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ကျင်းပခဲ့သည်။  

Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ