ဝေးလံခေါင်ဖျားဒေသသတင်းများ

မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၌ ကာကွယ်ဆေးထိုး သင်တန်းဖွင့်လှစ်

စေတုတ္တရာ    ဇန်နဝါရီ     ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၌ မြို့နယ်အတွင်း တိရိစ္ဆာန်များ ကူးစက်ရောဂါ ကင်းရှင်းစေရန် ရည်ရွယ်၍ ကာကွယ်ဆေးထိုး သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက  မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

မြစိမ်းရောင်စီမံကိန်း ကျေးရွာ(၂)ရွာသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

စဉ့်ကူး ဇန်နဝါရီ  ၃

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်စီမံကိန်းကျေးရွာ(၂) ရွာသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့၌ နှစ်(၃၀)ပြည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

 

ခန္တီးမြို့၌ နှစ်(၃၀)ပြည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ခန္တီး      ဇန်နဝါရီ            ၃

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၌ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှု(ဗဟို)ကို ၁၉၉၀ ခုနှစ်တွင် စတင်ဖွဲ့စည်း ထူထောင်ခဲ့သည်မှာ ယခုနှစ်ဆိုလျှင် နှစ် (၃၀) ပြည့်မြောက် နာဂရိုးရာနှစ်သစ်ကူး ပွဲတော်ကို ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ထိ သုံးရက်တိုင် နာဂရိုးရာကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အကြို မီနီမာရသွန် အပြေးပြိုင်ပွဲကျင်းပ

 

အမရပူရ    ဇန်နဝါရီ        ၃

(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့  အထိမ်းအမှတ် မီနီမာရသွန် အပြေးပြိုင်ပွဲကို အမရပူရမြို့နယ်တွင် ယနေ့ နံနက် ၅ နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မီနီမာရသွန်အပြေးပြိုင်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်မြင့် ၊ မြို့မိမြို့ဖ ဦးတင်ထွဋ် ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖေသက်ထွန်း နှင့် ဝန်ထမ်းများ ၊ မြို့နယ်အားကစားမှူး ဒေါ်အေးအေးခိုင်နှင့် ပြိုင်ပွဲဝင်အားကစားသမားများ ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ

 

မတ္တရာ ဇန်နဝါရီလ ၃

မန္တလေးတိုင်းဒေသကြီး ပြင်ဉီးလွင်ခရိုင် မတ္တရာမြို့နယ် အထက(ခွဲ) တံငါမြောက်တွင် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်  ၉နာရီက အဆိုပါ ကျောင်း၌ ကျင်းပပြု လုပ်ခဲ့သည်။

သက်ကြီးပူဇော်ကန်တော့ပွဲကျင်းပ

ဂန့်ဂေါ   ဇန်နဝါရီ    ၃

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အမှတ်(၂) စည်ပင်သာယာရပ်ကွက်ရှိ သမိုင်းဝင် ဇမ္ဗူ့ထိပ်ခေါင် ရန်မျိုးအောင် ဆုတောင်းပြည့်မြတ်စွာဘုရားကြီး ဂန္ဓကုဋိတိုက်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီ က အသက် ၇၅ နှစ်နှင့် အထက် အဘိုး၊ အဖွားများအား သက်ကြီးပူဇော်ကန်တော့ပွဲ ကျင်းပသည်။

အဆိုပါ သက်ကြီးပူဇော်ပွဲတွင် နမောတဿ(၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးနှင့်တကွ ရတနာသုံးပါးအား ဩကာသကန်တော့ချိုးဖြင့်ပူဇော် ကန်တော့ကာ ငါးပါးသီလ ခံယူဆောက်တည် ကြသည်။

သရက်မြို့နယ်လုံးဆိုင်ရာ သတ္တဌာနဘုရားကြီး၏ (၁၃၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းသို့ ဒေသစာရီ ကြွချီအပူဇော်ခံပွဲကျင်းပ

သရက်    ဇန်နဝါရီ    ၃

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌  သရက်မြို့နယ်လုံးဆိုင်ရာ သတ္တဌာနဘုရားကြီး၏ (၁၃၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဗုဒ္ဓမြတ်စွယ်တော်မြို့တွင်းသို့ ဒေသစာရီ ကြွချီအပူဇော်ခံပွဲ ကျင်းပခြင်းကို ယမန်နေ့ မွန်းတည့် (၁၂) နာရီက သတ္တဌာနဘုရားကြီးတွင် ကျင်းပရာ နမောတဿ (၃) ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနား ဖွင့်လှစ်ပေးပြီးနောက် ယဉ်ကျေးမှုတက္ကသိုလ် စောင်းအဆိုတော် မဏိသာက ထူးမခြားနားသီချင်းဖြင့် သီဆိုပူဇော်ပြီး ဆရာတော် သံဃာတော်များက ဇယန္တောဗောဓိယာမူလေ အစချီသော အောင်ခြင်းဂါထာတော်ဖြင့်  ရွတ်ဖတ်ပူဇော်ပေးခဲ့ကြသည်။

ကျိုက်လတ်၌ လူထုတွေ့ဆုံပွဲကျင်းပ

 

ကျိုက်လတ်       ဇန်နဝါရီ            ၃

ကျိုက်လတ်မြို့နယ် ၊ (၂) ဖြတ်လမ်းရှိ သဒ္ဓမ္မရံသီသာသနာ့ဗိဗ္မာန်တော်ကြီးတွင် ယမန်နေ့ နေ့လယ် (၃) နာရီက လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့ပေါ် ရပ်ကွက် (၆) ခုမှ ဒေသခံပြည်သူများ ၊ လူမှုရေးအဖွဲ့အစည်းများနှင့် လူထုတွေ့ဆုံပွဲ ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 

ပွင့်ဖြူ      ဇန်နဝါရီ      ၃

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် ယမန်နနေ့မှ စတင်ကာ မြို့နယ်အတွင်း ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရမည့် ကောက်ကွက် (၁၅) ကွက်ကို ကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်တင့် ထံမှ သိရသည်။

ညောင်ဦးမြို့၌ ၇၂ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ

ညောင်ဦး   ဇန်နဝါရီ   ၃

 ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီနီမာရသွန်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦး မြို့တွင် ယနေ့ နံနက် ၇ နာရီမှ စတင်ကျင်းပပြုလုပ်သည်။

ပထမဦးစွာ မီနီမာရသွန်ပြိုင်ပွဲကို ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားတောင်ဘက်ကွင်းပြင်တွင် ကျင်းပရာ ပြည်တွင်း/ပြည်ပ အားကစားဝါသနာရှင် စုစုပေါင်း ၆၁ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။

Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ