ဝေးလံခေါင်ဖျားဒေသသတင်းများ

အောင်လံမြိုတွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တာဝေးစက်ဘီးစီးပြိုင်ပွဲကျင်းပ

အောင်လံ  ဇန်နဝါရီ  ၃

အောင်လံမြို့နယ် စက်ဘီးပြိုင်ပွဲ ကျင်းပရေးကော်မတီမှ ကြီးမှူးကျင်းပသည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (၅၄)မိုင် တာဝေးစက်ဘီးစီး ပြိုင်ပွဲကို  ယနေ့ နံနက်   (၄) နာရီခွဲအချိန်က ကျင်းပခဲ့ရာ ပြည်လမ်းငြိမ်းစတိုးရှေ့မှ ပြိုင်ပွဲဝင် အားကစားသမား (၁၄) ဦး ဖြင့် စတင်တာထွက်ခဲ့ပြီး အောင်လံမြို့မှ (၂၇) မိုင်ခန့်ကွာဝေးသည့် ယုံဖြူတောင်နယ်ခြားမှတ်တိုင်သို့ အသွား/အပြန် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မြိုင်မြို့၌ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပ

မြိုင်  ဇန်နဝါရီ   ၄

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မကွေးတိုင်းကြီး၊ မြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်းတွင် ကျင်းပခဲ့သည်။

ယနေ့ နံနက် ၄ နာရီ မိနစ်၂၀ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် (၇၂) မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နံနက် ၇ နာရီအချိန်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်းတို့ကို  မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွတ်လပ်ရေးကျောက်တိုင် ဖွင့်လှစ်ပွဲနှင့် ဧရာမော်ပန်းခြံဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ

 ရွှေတောင်    ဇန်နဝါရီ    ၄ 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ လွတ်လပ်ရေးကျောက်တိုင်တွင် ယနေ့ နံနက်ပိုင်းက (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ကျင်းပသည်။ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော  (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

(၇၂)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြု အခမ်းအနားနှင့် သဝဏ်လွှာဖတ် ကြားခြင်းအခမ်းအနား တနင်္သာရီ မြို့တွင်ကျင်းပ

တနင်္သာရီမြို့  ဇန်နဝါရီ  ၄

(၇၂)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံတင် အလေးပြုခြင်း အခမ်းအနားကို ယနေ့ နံနက် ၄နာရီ ၂၀ မိနစ် အချိန်က တနင်္သာရီ တိုင်းဒေသကြီး တနင်္သာရီမြို့-မြို့မရဲစခန်းဝန်းအ တွင်းရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင်ကျင်းပရာ

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ဂုဏ်ပြု ပျော်ပွဲရွှင်ပွဲများ ကျင်းပ

ကောလင်း ဇန်နဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌  ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မင်းချမ်းအခြေခံပညာအထက်တန်းကျောင်းရှေ့အားကစားကွင်း၌ ယနေ့ နံနက် ၁၀နာရီက  ပျော်ပွဲရွှင်ပွဲများကျင်းပခဲ့ပြီး ဇန်နဝါရီလ ၄ရက်နေ့တွင် ဆုပေးပွဲကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

ထီးလင်း၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

 

ထီးလင်း           ဇန်နဝါရီ            ၃

ရပ်/ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မီးဘေးအန္တရာယ် ကြိုတင်တားဆီး ကာကွယ်ရေး တို့နှင့်ပတ်သက်၍ ပြည်သူများ စိတ်အေးချမ်း သာယာစွာ သွားလာလုပ်ကိုင် နေထိုင်နိုင်ရေး တို့အတွက် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ ည ၇ နာရီက ဂန့်ဂေါခရိုင် ထီးလင်းမြို့ ရာဇမုနိ စေတီတော် တန်ဆောင်းနေရာ၌ ပြုလုပ်ဆောင်ရွက်သည်။

ဆားလင်းကြီးမြို့နယ်တွင် စာပေဟောပြောပွဲကျင်းပ

ဆားလင်းကြီး    ဇန်နဝါရီ   ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်​ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံ​​ရေးဦးစီးဌာန စာအုပ်/စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် ကုန်းကြီးကျေးရွာ ဂရုဏာလဝန်း လူမှုကူညီရေးအသင်းတို့ ပူး​ပေါင်းပါဝင်သော ကျန်းမာရေးနှင့် အသက်ကယ်​အောက်ဆီ​ဂျင် ကုသိုလ်ပြုအောင်ပွဲ (၆)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲကို ယမန်​​နေ့ည (၇) နာရီက ဇီးပဏီ(တ) ကျေးရွာအုပ်စု ကုန်းကြီး​ကျေးရွာ ရွာဦးရတနာမှန်စီ ကျောင်းတိုက်အတွင်း၌ ကျင်းပခဲ့​​ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် အချိန်ခါမဟုတ်မိုးရွာခြင်းကြောင့် ပြောင်းနှံများမပျက်စီးစေရန် ဆောင်ရွက်

ကျောက်ပန်းတောင်း  ဇန်နဝါရီ     ၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ရှိပြောင်းစိုက်တောင်သူများ ဒီဇင်ဘာ ၂၇ ရက်နှင့်ဒီဇင်ဘာ ၂၈ ရက်၊ ဇန်နဝါရီ ၁/၂ ရက်တို့တွင် အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းကြောင့် ရိတ်ပြီးသားပြောင်းခင်းများမှ ပြောင်းနှံများ မိုးမိပြီးမပျက်စီးစေရန် လူအင်အားသုံး သိမ်းဆည်း နေရကြောင်း ပြောင်းစိုက်တောင်သူများထံကသိရသည်။

မြန်မာ့ရိုးရာ နွားပြိုင်ပွဲကြီး ဝမ်းတွင်းမြို့နယ် သဲတောမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဝမ်းတွင်း ဇန်နဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ သဲတောမြို့တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးအောင်ပွဲနေ့ အထိမ်းအမှတ် နွားပြိုင်ပွဲများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၃) ရက်နေ့မှ စတင်ကာ စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ