ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုင်းနားကျေးရွာအတွင်းရှိ မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး၊ မွေးမြူရေးအထောက်အကူပြုဆေးဝါးများနှင့် တိရစ္ဆာန်ရောစပ်အစာအိတ်များ ထောက်ပံ့ပေး
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယနေ့နံနက် ၁၀ နာရီခွဲက မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ တောင်သူဦးဟောင်းခေါင်၏ ဘက်စုံမွေးမြူရေးခြံသို့ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။