ကချင်ပြည်နယ်

ပူတာအိုမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်း

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာ (၁)ရက်နေ့မှ(၁၅)ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူမည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းအောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ဖွင့်လှစ်ခဲ့သည့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာ(၂၇) ရက် ညနေ(၃)နာရီက ပူတာအိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေး၊ ကချင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ ပြည့်မီစွာအကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ကချင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ ကျန်းမာကြံ့ခိုင်စေပြီး လုပ်ငန်းခွင်အတွင်း စိတ်ပျော်ရွှင်ချမ်းမြေ့စွာဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၆ ရက် နံနက် ၈ နာရီက ငြိမ်းချမ်းသာယာ ဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဟိုတယ်အဂ္ဂဗေ(၂)ဖွင့်ပွဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာ အသိပညာပေးဟောပွဲနှင့် ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၌ အသစ်တည်ဆောက်ဖွင့်လှစ်သော ဟိုတယ်အဂ္ဂဗေ(၂)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက အဆိုပါဟိုတယ်သစ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ယူချိန်အဆင့်မြင့်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်သို့ တက်ရောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ယူချိန်အဆင့်မြင့်ကိုယ်ပိုင်အထက်တန်းကျောင်း၌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်ကို စက်တင်ဘာ ၂၄ ရက် နံနက် ၈ နာရီခွဲက အဆိုပါအဆင့်မြင့် အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဘင်ခရာတပ်ဖွဲ့နှင့်အတူ ကျောင်းသား၊ ကျောင်းသူများက ကျောင်းလမ်းမတစ်လျှောက် ကြိုဆိုခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ရှာဖွေကယ်ဆယ်ရေးသင်တန်းဆင်းပွဲ၊ အခြေခံစာကြည့်တိုက် ပညာသင်တန်းဖွင့်ပွဲနှင့်ကျောက်မျက်အချောထည် ကုန်ကြမ်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်  

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်မီးသတ်ဦးစီးဌာနကကြီးမှူး၍ မြို့ပေါ်ရပ်ကွက်များရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအဖွဲ့ဝင်များအတွက် စက်တင်ဘာ ၁၁ ရက်နေ့ စတင်ဖွင့်လှစ်ခဲ့သည့် ရှာဖွေကယ်ဆယ်ရေးသင်တန်းကို စက်တင်ဘာ ၂၃ ရက် နံနက် ၈ နာရီက ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၌ သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၆၀)ပြည့်နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှ ဗန်းမော်မြို့၊ အမှတ်(၁၁)စစ်မြေပြင်ဆေးတပ်ရင်းတွင် စုပေါင်းသွေးလှူဒါန်း

(၆၀)ပြည့်နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရဲဝင်း ဦးစီး၍ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ သီးခြားတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင် စုစုပေါင်း(၂၀)ဦးတို့သည် ယနေ့နံနက် ၈ နာရီတွင် ဗန်းမော်မြို့၊ အမှတ်(၁၁) စစ်မြေပြင်ဆေးတပ်ရင်းတွင် စုပေါင်းသွေးလှူဒါန်းခြင်း ဆောင်ရွက်ခဲ့ပါသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရှင်းလင်းဆွေးနွေးပွဲ၊ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သူများအား ဂုဏ်ပြုပွဲများသို့တက်ရောက်၊ ဆီထွက်သီးနှံများ တိုးချဲ့နိုင်ရေး တောင်သူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် ဆန်နှင့် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ပူတာအိုမြို့၌ ရောက်ရှိသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် (၇) နာရီက ပူတာအိုမြို့ မနက်ဈေးသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ပူတာအိုမြို့နယ် သစ်တောဦးစီးဌာနဝန်ထမ်းများနှင့်တွေ့ဆုံ၊ ထောက်ပံ့ငွေပေးအပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့်‌ ဒေသစားနပ်ရိက္ခာဖူလုံရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ပူတာအိုခရိုင်သို့ရောက်ရှိနေသော ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် စက်တင်ဘာ (၂၁) ရက် ညနေ (၄) နာရီကမြို့ နယ်သစ်တောဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ မြို့နယ်သစ်တောဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မချမ်းဘောမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်‌ဆေး

ကချင်ပြည်နယ်၊ပူတာအိုခရိုင်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် ဆန်နှင့် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ပူတာအိုမြို့၌ရောက်ရှိသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၈ နာရီက မချမ်းဘော မြို့နယ်သို့ သွား‌ရောက်ခဲ့ကြပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ပူတာအို၊ မချမ်းဘောမြို့နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ ဘိုးဘွားများနှင့်တွေ့ဆုံ၊ ထောက်ပံ့ငွေနှင့်အာဟာရဖြည့်အစားအစာများထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်လဖိုင်နန်ဆိုင်းသည် အဖွဲ့ဝင်ဒေါ်ဒေါင်နန်းနှင့် ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှေက်မှုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နံနက် (၉)နာရီခွဲက ကိုယ်ဝန်ဆောင်မိခင်များ၊ ဘိုးဘွားများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ငွေနှင့်အာဟာရဖြည့်အစားအစာများ ထောက်ပံ့ပေးအပ်သည်။
Subscribe to ကချင်ပြည်နယ်