ကချင်ပြည်နယ်

တရားရုံးများတွင် စစ်ဆေးဆောင်ရွက်လျက်ရှိသော အမှုများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးဆောင်ရွက်ကြရန် လိုအပ်

တရားရုံးများတွင် စစ်ဆေးဆောင်ရွက်လျက်ရှိသော အမှုများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးဆောင်ရွက်ကြရန် လိုအပ်ကြောင်း ယနေ့နံနက် ၈ နာရီက ကချင်ပြည်နယ် တရားလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုတရားလွတ်တော်ချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် တရားရေးဦးစီးမှူးများ၏ (၂၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားတွင်  ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးတူးဂျာကပြောသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပသည့် ဥပဒေရေးရာဝန်ကြီးဌာန၏ (၃)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်

ဥပ‌ဒေရေးရာဝန်ကြီးဌာန၏ (၃)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ်ဥပ‌ဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း အခြေခံစားသောက်ကုန် ပြည့်ဝဖူလုံရေး ညှိနှိုင်းဆွေးနွေး၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ၊ ကျောင်းကျန်းမာရေး သီတင်းပတ် ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း အခြေခံစားသောက်ကုန် ပြည့်ဝဖူလုံရေးနှင့်ကုန်စည်စီးဆင်းမှုများ ပုံမှန်လည်ပတ်စီးဆင်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နိုင်‌ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်အတွင်းရှိ ကုန်သည်အသင်းကြီးများ၊ ကုန်စည် ပို့ဆောင်ရေးနှင့် ဆက်စပ်သည့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီးဌာနအသီးသီးကွပ်ကဲမှုအောက်ရှိ အရာထမ်း/ အမှုထမ်း ဝန်ထမ်းများအတွက် e-Government အထောက်အကူပြု ကွန်ပျူတာအခြေခံနှင့် အဆင့်မြင့်သင်တန်းများဖွင့်လှစ်

ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်အတွင်း e-Government စနစ်ပိုမိုပီပြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် IT နည်းပညာများ ကျွမ်းကျင်ရင်းနှီးသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဝန်ကြီးဌာနအသီးသီးကွပ်ကဲမှုအောက်ရှိ အရာထမ်း/အမှုထမ်း ဝန်ထမ်းများအတွက် e-Government အထောက်အကူပြုအခြေခံသင်တန်းနှင့် အဆင့်မြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းများဖွင့်ပွဲကို သြဂုတ် ၂၆ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ကြည့်ရှု၊ ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဆုများရရှိခဲ့သော လက်ရွေးစင်ဖူဆယ်ဘောလုံးအသင်းများအား ဂုဏ်ပြုချီးမြှင့်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်မြို့တော်မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်စနေနေ့တိုင်း ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများနှင့် အများပြည်သူအသုံးပြုသည့်နေရာများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကချင်ပြည်နယ် မသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

ကချင်ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်း‌ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ပန်းတိုင်ရည်မှန်းချက်ရရှိရေး၊ အားနည်းချက်/ အားသာချက်များနှင့် လိုအပ်ချက်များကို ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉)နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားသည်။

မြစ်ကြီးနားမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိခန်းမ၌ ကျောင်းသားလူငယ်များ စာပေအသိပညာ ဗဟုသုတ ကြွယ်ဝစေရေးနှင့် စာဖတ်သည့် အလေ့အထ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို သြဂုတ် ၂၂ ရက် နံနက် ၉ နာရီက ကျင်းပရာ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထက်က အဖွင့်အမှာစကားနှင့် လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ကချင်ပြည်နယ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်နယ်အဆင့်ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်အတွင်း (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်နယ်အဆင့်ပြိုင်ပွဲကို ဘာသာရပ်အလိုက်၊ ပြိုင်ပွဲအမျိုးအစားအလိုက် စုံလင်စွာဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များမှ ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များထောက်ပံ့

ကချင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ဇွန် ၃၀ ရက်နေ့နှင့် ဇူလိုင် ၁ ရက်နေ့တို့တွင် ဧရာဝတီမြစ် ဝှမ်းအထက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့တွင် ရေကြီးနစ်မြှုပ် မှုများဖြစ်ပေါ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး အတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိရာ သြဂုတ် ၂၁ ရက် နံနက်ပိုင်းက မြစ်ကြီးနား နှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက် ပံ့ပေးအပ်ခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်