ကချင်ပြည်နယ်

ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ဆွမ်ပရာဘွမ်မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးလှငြိမ်းနှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ယမန်နေ့ နံနက်ပိုင်းက မြို့မရပ်ကွက် ကက်သလစ်ဘုရားကျောင်းဝင်းအတွင်း၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှု များ တိုးတက်မြင့်မားလာစေရေး ချေးငွေဒုတိယနှစ်စက်ဝန်းအတွက် မတည်ငွေများ ထပ်မံခွင့်ပြုချထားပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်မှ ခွဲဝေမတည်ပေးထားသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံအား ချေးငွေပထမနှစ်စက်ဝန်းကို အောင်မြင်စွာလည်ပတ်နိုင်ခဲ့ပြီး ဒုတိယနှစ် စက်ဝန်းလည်ပတ်လျက်ရှိရာ မတ်လ ၁ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့၏ (၃/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မတည်ငွေများ ထပ်မံခွင့်ပြုချထားပေးခဲ့သည်။

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ချီဖွေခရိုင်၊ ချီဖွေမြို့နယ် ရစ်ဂျော်ကျေးရွာ ဆိုလာ လျှပ်စစ်မီး စံပြစီမံကိန်း ရှင်းလင်းဆွေးနွေးပွဲနှင့် ဝန်ထမ်းများနှင့် တွေ့ဆုံ

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ ရစ်ဂျော်ကျေးရွာတွင် SPIC ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့သော ဆိုလာလျှပ်စစ်မီး စံပြစီမံကိန်းနှင့် ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲကို မတ် ၁ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ရှိ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပန်ဝါမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ထောက်ခံကြိုဆိုပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပန်ဝါမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံ စီတန်းလှည့်လည်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဒေသခံပြည်သူများ ဆောင်ရွက်ခဲ့ကြသည်။

မိုးကောင်းမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာရေးဆရာကြည်ရွှန်းရေးသားသည့် အချိန်စီမံခန့်ခွဲမှုပညာစာအုပ်ဖြင့် မတ်လ(၁)ရက်နေ့ ညနေ(၃)နာရီခွဲအချိန်က စာဖတ်ဝိုင်းကျင်းပခဲ့သည်။

မချမ်းဘောမြို့၌ မွေးစမှ အသက် ၂ နှစ်အောက် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ မိခင်နှင့် ကလေးကျန်းမာရေးဌာနက မွေးစမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား လစဥ် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် နှီးနွယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၏ ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် နှီးနွယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးဦးမိုးမင်းသိန်း တက်ရောက်ခဲ့ပါသည်။

ပူတာအိုခရိုင်၌ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေနှင့်မြန်မာနိုင်ငံကုမ္ပဏီများဥပဒေရှင်းလင်း ဆွေးနွေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ကုမ္ပဏီ/လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံဥပဒေ အရ ကချင်ပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီတွင် အတည်ပြုမိန့်လျှောက်ထားနိုင်မှုကို သိရှိစေရန်၊ ရင်းနှီးမြုပ်နှံမှုအခွင့်အလမ်းများကို ဖော်ထုတ်နိုင်ရန်နှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ လိုက်နာရမည့်တာဝန်များကို သိရှိစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ပူတာအိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုးညှင်းမြို့နယ်၌ ယခုနှစ်အတွင်း ဆီထွက်သီးနှံ မြေပဲ (၉၀၂၆)ဧက စိုက်ပျိုးထားနိုင်ပြီး လျာထားဧကထက် ပြည့်မီကျော်လွန်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ယခုနှစ်အတွင်း ဆီထွက်သီးနှံဖြစ်သည့် မြေပဲကို (၉၀၆၂)ဧကထိ စိုက်ပျိုးထားနိုင်ပြီး လျာထားဧကထက် ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

မြစ်ကြီးနားမြို့၌ စတုတ္ထအကြိမ် မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရောင်းပြပွဲ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ကချင်ပြည်နယ် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မြစ်ကြီးနား) နှင့် ပူးပေါင်းဆောင်ရွက်မည့် စတုတ္ထအကြိမ် မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရောင်းပြပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲ ၃ နာရီက အဆိုပါအသင်းရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ညှိနှိုင်းဆွေးနွေးခဲ့သည်။
Subscribe to ကချင်ပြည်နယ်