ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃ ခုနှစ်၊ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်

ကချင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအချင်းချင်း ချစ်ကြည်စည်းလုံးမှုရှိစေရန်နှင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနအချင်းချင်း ပိုမိုချိတ်ဆက် ဆောင်ရွက်နိုင်စေရန် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပခဲ့သော ၂၀၂၃ ခုနှစ်၊ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၃၁ ရက် ညနေ ၂ နာရီခွဲက ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

တနိုင်းမြို့ လူထုအခြေပြုဗဟိုဌာန၌  ဉာဏစွမ်းရည်ပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ လူငယ်များ ဉာဏစွမ်းရည်တိုးတက်စေရန် စက္ကူ‌ခေါက်ပြိုင်ပွဲကို  ယနေ့နံနက် ၁၁ နာရီခွဲက ကျောင်းသားလူငယ်များဖြင့် ပျော်ရွှင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

မိုးမောက်မြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများကို လူမူရေးပင်စင် ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့တွင် ၂၀၂၃-၂၄ ဘဏ္ဏာရေးနှစ် လူမှု၀န်ထမ်းဦးစီးဌာန၏ ဒုတိယသုံးလပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) ရန်ပုံငွေဖြင့် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေလင်းအောင်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟုန်းဘူ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက ယနေ့နံနက် ၁၀ နာရီတွင် အဘိုးအဘွားများထံသို့ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့နယ်၌ ၂၀၂၃-ခုနှစ် မိုးစပါး ဆင်းဧကရီ-၃ စံကွက်ရိတ်သိမ်း

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ၂၀၂၃-ခုနှစ် မိုးစပါး ဆင်းဧကရီ-၃ စံကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက် (၉)နာရီခွဲက ပူတာအိုမြို့နယ်၊ပူတောင်းကျေးရွာ ကွင်းအမှတ်(၃၂) ဦးပိုင် အမှတ်(၇၁) တောင်သူ ဦးအဂူးဒီး၏ လယ်မြေနှစ်ဧက၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အရာထမ်း/ အမှုထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲနှင့် စာတတ်မြောက်ရေးလုပ်ငန်းစီမံချက်ရှင်းလင်းပွဲသို့ တက်ရောက်

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကချင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးအတွက် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

တနိုင်းမြို့ သမိ‌ဒ္ဓေါဒယ သကျဝံသီ၊ သီလရှင်ကျောင်းတိုက်၌ အသံမစဲအဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၌ အသံမစဲအဘိဓမ္မာ (၇) ကျမ်း ရွတ်ဖတ်ပူဇော်ပွဲကို သီတင်းကျွတ်လပြည့်နေ့မှစ၍ တနိုင်းမြို့ ဆွတ်ငိုင် ရပ်ကွက်၊ သမိ‌ဒ္ဓေါဒယ သကျဝံသီ၊ သီလရှင် ကျောင်းတိုက်၌ ရွတ်ဖတ်ပူဇော်ကြသည်။

မြစ်ကြီးနားမြို့၌ ၂၀၂၃ ခုနှစ်၊ သီတင်းကျွတ်အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

၂၀၂၃ ခုနှစ်၊ သီတင်းကျွတ်အထိမ်းအမှတ် ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပ သည့် အခြေခံပညာကျောင်းပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ရှိ ငြိမ်းချမ်း သာယာ ဖူဆယ်အားကစားရုံ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) မြစ်ကြီးနားမြို့၌ ဘုရားစေတီပုထိုးများ လာရောက်ကုသိုလ်ပြုကြ သူများနှင့် အပန်းဖြေနေရာတို့တွင် လှည့်လည် ကြည့်ရှုအားပေးပြီး စတုဒိသာဖြင့် ဧည့်ခံကျွေးမွေး

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီပုထိုးများတွင် လာရောက်ကုသိုလ်ကောင်းမှုပြုသူများ၊ မြို့တွင်း ပန်းခြံများနှင့် အပန်းဖြေနေရာများတွင်လည်း စည်ကားလျက်ရှိရာ အောက်တိုဘာ ၂၉ ရက်နေ့ ညပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများသည် လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကုသိုလ်ကောင်းမှုပြုခဲ့ကြသည်။

တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်ဆောင်ရွက်နေသည့် မြစ်ကြီးနားမြို့ရှိ “စူပါဝမ်း” နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း

​​​​​​​နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်၏ စီးပွားရေးဦးတည်ချက်တွင် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက်  တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး  အခြားစီးပွားရေးကဏ္ဍများကိုလည်း  ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး”ဟူသည့် အချက်ပါဝင်ပါသည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတက်ရန်အတွက် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ၏ ကုန်ထုတ်လုပ်ခြင်းများ တိုးတက်အောင် အားပေးဆောင်ရွက်လျက်ရှိပါသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် သဒ္ဓါဓိကဗိမ္မာန်တော် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားသို့ တက်ရောက်၊ ပြည်သူ့ရင်ပြင်၌ သီတင်း ကျွတ် မီးထွန်းပွဲတော် လာရောက်လည်ပတ်သူများအား ကြည့်ရှုအားပေးပြီး စတုဒီသာဖြင့် ကျွေးမွေးဧည့်ခံ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်အတွင်းရှိ သမိဒ္ဓေါဒယသီလရှင်ကျောင်းတိုက်အတွင်း တည်ဆောက်ပြီးစီးခဲ့သော သဒ္ဓါမိကဗိမ္မာန်တော် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်သည်။
Subscribe to ကချင်ပြည်နယ်