ကချင်ပြည်နယ်

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့၌ ကျင်းပသည့် ဆောင်းရာသီအကြို ကလပ်ပေါင်းစုံ အမျိုးသားအသက် (၃၀)နှစ်အထက် မိတ်သဟာယ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် မြစ်ကြီးနားမြို့ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနပိုင် ငြိမ်းချမ်းသာယာအားကစားကွင်း၌ ယမန်နေ့က ကျင်းပပြုလုပ်သည့် ဆောင်းရာသီအကြို ကလပ်ပေါင်းစုံ အမျိုးသားအသက်(၃၀)နှစ်နှင့်အထက် မိတ်သဟာယဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို တက်ရောက်သည်။

မိုးကောင်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းပေါင်းစုံ U18 ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

နိုင်ငံတော်က မျှော်မှန်းထားသည့် ကျန်းမာသန်စွမ်းပြီး စိတ်ဓါတ်ကောင်းမွန်သော ထူးချွန်အားကစားသမားများ ပေါ်ထွက်လာရေးနှင့် မိုးကောင်းမြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွင်း မြို့နယ်အတွက် အားထားရမည့် အားကစားသမားများ ရွေးချယ်နိုင်ရေးအတွက် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ U18 ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို နိုဝင်ဘာ(၂)ရက်နေ့ နံနက်(၈)နာရီတွင် ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်

မိုးကောင်းမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မှုခင်းဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ မှုခင်းဆိုင်ရာအသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ(၁)ရက် ညနေ(၃)နာရီတွင် ကျင်းပခဲ့သည်။

တနိုင်းမြို့တွင် ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို အသက်(၂)လမှစ၍ (၁)နှစ်ခွဲကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေး

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အသက်(၂)လမှ(၁)နှစ်ခွဲ ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးပေးခြင်းကို ယမန်နေ့နံနက် (၈)နာရီခွဲတွင် တနိုင်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့သည်။

တနိုင်းမြို့ အခြေခံပညာမူလတန်းလွန်- ပုန်ခုန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးခြင်းနှင့် ကလေးသူငယ်များ အတွက် သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီခွဲက အခြေခံပညာ မူလတန်းလွန်- ပုန်ခုန်းကျောင်း တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့၏ ဝါလကင်းလွတ်အခါသမယ သီတင်းကျွတ်လပြည့်ကျော်(၅)ရက် တစ်မူထူးခြားသည့်ဓလေ့ တောင်ပေါ်ဘုရားဖူးနေ့ ဘုရားဖူးသူများ စည်ကား

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၏ မြို့ဓလေ့ တောင်ပေါ်ဘုရားဖူးနေ့ဖြစ်သည့် သတင်းကျွတ်လပြည့်ကျော် (၅)ရက် ယနေ့တွင် တောင်ပေါ်ဘုရား ဖူးသူများစည်ကား လျက်ရှိကြောင်း သိရသည်။

မချမ်းဘောမြို့၌ မွေးစမှအသက်၂ နှစ်အောက် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေးထိုးနှံ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှအသက် (၂)နှစ်အောက် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့ အခြေခံပညာအထက်တန်း(မြို့မ)ကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ နယ်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်း(မြို့မ)ကျောင်းတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ နယ်လှည့်ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက အဆိုပါကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မချမ်းဘောမြို့နယ် ကောင်းမှုလုံစေတီတော်ပရဝုဏ်အတွင်း၌ ပူတာအိုခရိုင်လုံးဆိုင်ရာ သံဃာ့ပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ပူတာအိုခရိုင်အတွင်း နှစ်စဥ်ကျင်းပလျက်ရှိသော ပူတာအိုခရိုင်လုံးဆိုင်ရာသံဃာ့ပူဇော်ပွဲကို ယနေ့သာသနာတော်နှစ် ၂၅၆၇ ခု၊ ကောဇာသက္ကရာဇ်၁၃၈၅ ခုနှစ်သီတင်းကျွတ်လပြည့်ကျော်၃ရက် ယမန်နေ့တွင် ရှေးဟောင်းသမိုင်းဝင်ကောင်းမှုလုံစေတီ တော်မြတ်ကြီးပရဝုဏ်အတွင်းရှိ တေဇသာလာဓမ္မာရုံ၌ နံနက် ၈ နာရီက ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်း-မြစ်ကြီးနား-မိုးကောင်း ရထားခရီးစဉ် ပြန်လည်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေး၊ ရထားခရီးစဉ်တွင် လိုက်ပါစီးနင်း၍ ဘူတာစဉ်တစ်လျှောက် ကြိုဆိုနှုတ်ဆက်ကြသည့် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှု

မြန်မာပြည်အလယ်ပိုင်းနှင့် မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်တို့အတွက် ပြည်တွင်း ကုန်စည်ပို့ဆောင်ရေးနှင့် ခရီးသွားရေးလုပ်ငန်းတွင် အဓိကအားထားရသော မီးရထားပြေးဆွဲခြင်းကို (၂)နှစ်ကျော်ကြာ ရပ်နားထားခဲ့ပြီး ယမန်နေ့နံနက် ၈ နာရီက မြစ်ကြီးနား - မန္တလေးလမ်းပိုင်းရှိ မိုးကောင်း - မြစ်ကြီးနား - မိုးကောင်း ရထားခရီးစဉ် ပြန်လည်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို မြစ်ကြီးနားဘူတာရုံ၌ ကျင်းပပြုလုပ်သည်။
Subscribe to ကချင်ပြည်နယ်