ဗန်းမော်မြို့ အ.ထ.က(၆)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီ ၆ ရက် နံနက်(၁၀)နာရီခွဲခန့်က အ.ထ.က(၆) အလံတိုင်ရှေ့ မြက်ခင်းပြင်တွင် ကျင်းပသည်။