ကချင်ပြည်နယ်

မံစီမြို့နယ်၏ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၏ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို မေ ၂ ရက် နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကာမိုင်းမြို့‌၌ ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

မြန်မာနှစ်သစ် ဒုတိယလ ကဆုန်ညောင်ရေသွန်းပွဲကို နိုင်ငံတစ်ဝှမ်း၌ ယမန်နေ့ ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ IDPs စခန်းများမှ မူလနေရပ်ကျေးရွာ များသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံ အားပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်းနေပြည်သူများ မူလနေရပ်ကျေးရွာများသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မေ ၂ ရက် နံနက် ၈ နာရီ က ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ဆွတ်ငိုင်တောင် IDP စခန်းနှင့် ရွှေစက်နှစ်ခြင်း IDP စခန်းများမှ မူလနေရပ်ကွက်ကျေးရွာများသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ကြမည့် အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ မြစ်ကြီးနားမြို့၌ လောကမာရ်အောင်ဆုတောင်းပြည့် စေတီတော်တွင် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော်နှင့် မြို့နယ်လုံးကျွတ် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲနှင့် သံဃာတော်အပါးရေ (၁၀၀၀)အား သံဃာ့ဒါဆွမ်းဆန်စိမ်းလောင်းလှူ

ကချင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် မြန်မာ့ရိုးရာအစဉ်အလာမပျက်ကျင်းပမြဲဖြစ်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ယနေ့နံနက် ၈ နာရီက မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ လောကမာရ်အောင် ဆုတောင်းပြည့် စေတီတော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ကဆုန်လပြည့် ဗုဒ္ဓနေ့၌ ဟိုပင်မြို့အတွင်းရှိ ဘုရား၊စေတီ၊ဘုန်းတော်ကြီးကျောင်းများတွင် ကုသိုလ်ပြုသူများဖြင့် အထူးစည်ကား

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့အတွင်းရှိ ဘုရား၊ စေတီ ဘုန်းတော်ကြီးကျောင်းများ၌ ကဆုန်လပြည့်ဗုဒ္ဓနေ့ မေလ(၃)ရက်၊ နံနက်ပိုင်းမှစ၍ တရားနာယူခြင်း၊ ဘုရားလာရောက်ဖူးမျှော်သူများ၊ ဆီမီး၊ ရေချမ်းကပ် လှူပူဇော်သူများ၊ ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းခြင်းများဖြင့် အထူးစည်းကားလျက်ရှိပါသည်။

မချမ်းဘော လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည် မြင့်မားလာစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

မိုးညှင်းမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ကျေးရွာများ သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာများသုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီခွဲက ခရိုင်ကျေးလက်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွမ်ပရာဘွမ်မြို့တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွ‌င် အ‌ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်တွင် အသက် ၃ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ကျွေးခြင်းများ ဆက်လက်ဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် အသက် (၃) နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ကျွေးခြင်းများကို  ယနေ့နံနက် ၁၀ နာရီက ပုန်ခုန်းရပ်ကွက် မိခင်နှင့် ကလေးကျန်းမာရေးရုံး၌ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ IDPs စခန်းများမှ မူလနေရပ်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံ အားပေး ထောက်ပံ့

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်းနေပြည်သူများ မူလနေရပ်ကျေးရွာများသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ယာယီ ခိုလှုံရာ စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ပြည်နယ် ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ဆွတ်ငိုင်တောင် IDP စခန်းနှင့် ရွှေစက်နှစ်ခြင်း IDP စခန်းများမှ မူလနေရပ်ကွက်ကျေးရွာများသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ကြမည့် အိမ်ထောင်စု များအား သွားရောက်တွေ့ဆုံအားပေးသည်။
Subscribe to ကချင်ပြည်နယ်