ကချင်ပြည်နယ်

မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကွန်ပျူတာအ‌ခြေခံသင်တန်း (အခမဲ့) ဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ကွန်ပျူတာခန်းမ၌ မေလ ၂ ရက်နေ့ နံနက် ၉ နာရီက ကျောင်းသား/ကျောင်းသူများ နွေရာသီ အားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးပြု၍ အသိပညာ အတတ်ပညာ ဗဟုသုတများ တိုးပွားလာစေရန်  ကွန်ပျူတာအ‌ခြေခံသင်တန်း( အခမဲ့) ဖွင့်လှစ်‌ပေးခဲ့သည်။

ပူတာအိုမြို့၌ ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး ဆိုင်းဘုတ်စိုက်ထူ

ကချင်ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး၏ကြီးကြပ်လမ်းညွှန်မှု၊ပူတာအိုမြို့နယ်သစ်တောဦးစီး ဌာန၏ဦးဆောင်မှုဖြင့် ပူတာအိုဒေသတွင်ကျက်စားနေထိုင်ပြီး မျိုးသုဉ်းပျောက်ကွယ်နိုင်သည့် တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ရောင်းဝယ်မှုအန္တရာယ်မှ ကာကွယ်တားဆီးနိုင်ရန်နှင့် ဒေသခံပြည်သူများမှ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းကို မေ(၂)ရက် နံနက်(၇)နာရီက ပူတာအိုမြို့ လူအသွားအလာများသောနေရာများ၌စိုက်ထူခဲ့ကြသည်။

ပူတာအိုမြို့၌ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ၂၀၂၃ ခုနှစ် မေလ(၅)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဆိုင်းဘုတ်တင်ခြင်းကို မေ(၁)ရက် နံနက်(၇)နာရီက ပူတာအိုမြို့ လူအများ သွားလာလျက်ရှိသောနေရာများ၌ ဆောင်ရွက်ခဲ့ကြသည်။

မချမ်းဘောမြို့၌ မွေးစမှ ၂ နှစ်အောက် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ မိခင်နှင့် ကလေးကျန်းမာရေးဌာနက မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီတွင် အဆိုပါ ဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တနိုင်းမြို့နယ်၌ ပြည်သူများနှာခေါင်းစည်း (mask) တပ်ဆင်သွားလာရေး အသိပညာပေးပြီး Mask Campaing အရှိန်အဟုန်ဖြင့် ဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုမရှိစေရန်အတွက် အများပြည်သူ‌များ အိမ်ပြင်ပသို့ထွက်ခွာသွားလာလျှင် နှာခေါင်းစည်း mask တပ်သွားလာသည့် အလေ့ကျင့်များ လိုက်နာကျင့်သုံးစေရန် mask campaing အရှိန်အဟုန်ဖြင့် အသိပညာပေးခြင်းကို ဧပြီလ (၂၉)ရက်နေ့ နံနက်(၈)နာရီက တနိုင်းမြို့နယ်၊ ပုန်ခုန်းရပ်ကွက်၊ လူစည်ကားရာ လမ်းဆုံဖြစ်သည့် ရွှေပင်လယ်စားသောက်ဆိုင်ရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနာခရိုင် ၊ဝိုင်းမော်မြို့နယ်တွင်၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ဧပြီလ(၂၉)ရက်နေ့ မွန်းလွဲ(၂)နာရီက ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမ၌ ကျင်းပခဲ့သည်။

ရွှေကူမြို့၌ Mask Campaign ပြုလုပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေးနှိုူးဆော်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်း ကမ်းများနှင့်အညီ ပြည်သူများ သွားလာနေထိုင်ရေးအတွက်  အသံချဲ့စက်ဖြင့်အသိပေးနိူးဆော်ခြင်း နှင့် Mask Campaign  ပြုလုပ်ခြင်းကို  ယနေ့နံနက်  ၈ နာရီခန့်က  ရွှေကူမြို့ပေါ်ရှိ လူစည်ကားရာလမ်းမများနှင့် အမှတ်(၁)မြို့မဈေးအတွင်း၌  ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

မချမ်းဘော၌ နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သော နွေရာသီအခြေခံ အားကစားသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပ ခဲ့သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ကဦးစီး၍ မြစ်ကြီးနားမြို့ လောကမာ၇်အောင်ဆုတောင်းပြည့် စေတီတော်၌ ဒုတိယအကြိမ် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပပြုလုပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြစ်ကြီးနားမြို့ ရှေးဟောင်းသမိုင်းဝင် လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်၌ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌန်း ရွတ်ဖတ်ပူဇော်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်သံဃနာယက အကျိုးတော်ဆောင်၊ ဝန်းသိုကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာတော်/ သံဃာတော်ကြီးများ ကြွရောက်တော်မူကြသည်။

ဆွမ်ပရာဘွမ်မြို့၌ Mask campaign လုပ်ငန်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈နာရီခွဲက မြို့နယ်စည်ပင်သာယာ ရေးဈေးရှေ့၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်