ဗန်းမော်မြို့တွင် ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၇ နာရီခွဲက ဗန်းမော်တက္ကသိုလ် (ဘောလုံးကွင်း)၌ ပျိုးပင်ပေါင်း(၄ဝဝ) ပင်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊ တက္ကသိုလ်မှ ဆရာ၊ ဆရာမများက စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။