ဟိုပင်မြို့၌ တိုင်ထောင်ပဲတောင့်ရှည်စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုအပိုဝင်ငွေရရှိ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မြဇေယျာရပ်ကွက် ကွင်းအမှတ် (၁၉၉) မလောက် ချောင်းဘေးရှိ တောင်သူဦးသန်းအောင်၏ လယ်ယာမြေ၌ တိုင်ထောင် ပဲတောင့်ရှည်ပင်များ စိုက်ပျိုးထားရာ အောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။