ကချင်ပြည်နယ်

မိုးညှင်းမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးမည့် ပျိုးပင်ပေါင်း (၁၀၆၈၇၂)ပင် ပျိုးထောင်ထားရှိ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးကြမည့် ပျိုးပင်ပေါင်း (၁ဝ၆၈၇၂)ပင်ကို မြို့မသစ်တောပျိုးဥယျာဉ်ခြံတွင် ပျိုးထောင် ထားလျက်ရှိကြောင်း သိရသည်။

ပူတာအိုမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးချေးငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ဆန်စက်လက်တွေ့စမ်းသပ်ကြိတ်ခွဲမှုများပြုလုပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှု၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်သမဝါယမဦးစီးဌာန အဆင့်ဆင့်၏ကြီးကြပ်မှုဖြင့် “ဆန်းစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း လီမိတက်ကပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဝမ်းစာဖူလုံရေးဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးချေးငွေ ကျပ်သိန်း (၃၅၀)ဖြင့် တစ်ရက်လျှင် ပျှမ်းမျှစပါးတန်ချိန်(၁၈)တန်ကြိတ်ခွဲနိုင်သည့် ဆန်စက်အား တည်ဆောက် ပြီးစီးခဲ့ရာ မေ(၁၉)ရက်နေ့လည်ပိုင်းက လက်တွေ့စမ်းသပ်မောင်းနှင်မှုများ ပြုလုပ်ခဲ့ပြီး စပါးများ စတင်ကြိတ်ခွဲမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဗန်းမော် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဗန်းမော်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနတို့ ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ကဏ္ဍများထဲက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့ မွန်းလွဲ ၂ နာရီခန့် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေ

၂၀၂၃ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်ကို ယနေ့ နံနက် (၇) နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူစည်ကားသည့်နေရာများတွင် အခမဲ့လိုက်လံဖြန့်ဝေပေးကြသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်/ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း/ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ

ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း/အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သေဒေသများအား ကူညီ ထောက်ပံ့ပေးရန်အတွက် မိုးကောင်းမြို့၌ ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သော ဒေသများအား ကူညီထောက်ပံ့ပေးရန်အတွက် ကချင်ပြည်နယ်၊ မိုးကောင်းမြို့ မဟာသမယကျောင်းတိုက်၌ ယနေ့နံနက် (၁၀)နာရီတွင် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပခဲ့သည်။

ရွှေကူမြို့၌ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဆင်းပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ဖွင့်လှစ်သော အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဆင်းပွဲကို ယ‌မန်နေ့ ညနေ ၃ နာရီခွဲခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ ၂၀၂၃ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် လူမှုစီးပွားရေးဘဝ တိုးတက်ရေးတို့ကို ရည်ရွယ်၍ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲမှ ၂၀၂၃ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေကို မေလ(၁၈)ရက်မှ စတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မိုးကောင်းမြို့၌ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်များကို မေလ(၁၈)ညနေ(၃)နာရီတွင် အဆိုပါဌာန၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ပူတာအိုခရိုင်၌ မိုခါဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်ဒေသများသို့ အလှူငွေထည့်ဝင်လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မေလ(၁၄)ရက်နေ့က ဖြစ်ပွားခဲ့ သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘေးသင့်ဒေသများသို့ အလှူငွေများ ထည့်ဝင် လှူဒါန်းနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီ ခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်