ကယားပြည်နယ်

လွိုင်ကော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ နွေရာသီ (အခမဲ့) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နွေရာသီကျောင်းပိတ်ရက် ကာလများအတွင်း လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် မျိုးဆက်သစ်လူငယ်များ ဖြစ်ထွန်းလာစေရန်နှင့် ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ နွေရာသီ (အခမဲ့) သင်တန်းဖြစ်သည့် အခြေခံပန်းချီရေးဆွဲနည်း (အငယ်တန်း အဆင့်)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆ်ဆံရေးဦးစီးဌာန၊ လွိုင်ကော်ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ကျောင်းသားကျောင်းသူများ စာမေးပွဲ ဖြေဆိုနေမှု ကြည့်ရှုအားပေး၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း 

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်စာမေးပွဲများကို ယနေ့စတင်ကျင်းပရာ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်နှင့် လွိုင်ကော်တက္ကသိုလ်တို့၌ ကျောင်းသားကျောင်းသူများ ဝင်ရောက်ဖြေဆိုနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံပညာစာတက်မြောက်ရေးလုပ်ငန်း သင်ယူပြီးမြောက်ခြင်း အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနား သို့တက်ရောက်၊ လွိုင်ကော်တက္ကသိုလ် ဓမ္မာရုံရေစက်ချ မင်္ဂလာအခမ်းအနား တက်ရောက်

ကယားပြည်နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း သင်ယူပြီးမြောက်ခြင်းအထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်က ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမများနှင့် စာသင်ဝိုင်းအသီးသီးမှ စာသင်သားများ တက်ရောက်ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လက်တွေ့မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်း အခမ်းအနားတက်ရောက်ချီးမြှင့်၊ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) သို့တက်ရောက်

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်က ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှဦးစီး၍ လက်တွေ့မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းကို လွိုင်ကော်မြို့ အောင်သီဟရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းဝန်းအတွင်းကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသနေပြည်သူများ တက်ရောက်ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် နေရပ်စွန့်ခွာဝန်ထမ်းများ၊ မိသားစုများနှင့် ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားနှင့် ပညာရေးဒီဂရီကောလိပ်သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ကယားပြည်နယ်အတွင်း နေရပ်စွန့်ခွာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများအတွက် ၂၀၂၅ ခုနှစ်၊ (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) သုံးလစာထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို မတ်လ ၁၁ ရက် မွန်းလွဲပိုင်းက ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် တတိယအကြိမ်ကယားပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက် ၊ ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှု ကြည့်ရှုအားပေး

တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၁၀ ရက် မွန်းလွဲပိုင်းက ကယားပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစိန်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကယားပြည်နယ်လွှတ်တော် အစည်းအဝေးများကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများနှင့် ပြည်နယ်လွှတ်တော်ရုံး တာဝန်ရှိသူများတက်ရောက်သည်။

ကယားပြည်နယ်ဝန်ကြီးချုပ်  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြိုအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

၂၀၂၆ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အကြိုအထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ကျင်းပသည်။ ဦးစွာ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ သင်တန်းသားသင်တန်းသူများက “စောင့်ရှောက်ဝိုင်းကူ စားသုံးသူ” သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းသားကျောင်းသူများအတွက် နွေရာသီသင်တန်းများ ဖွင့်ပွဲအခမ်းအနား တက်ရောက်ချီးမြှင့်

ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အခြေခံပညာကျောင်းသားကျောင်းသူ များအတွက် နွေရာသီယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာ၊ ပန်းချီ၊ ကွန်ပျူတာသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆုရထူးချွန်အမျိုးသမီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများတွင် သင်ကြားနေသော စာသင်သားများအား မျက်စိစမ်းသပ်စစ်ဆေးပေးခြင်းနှင့် ထောက်ပံ့ငွေပေးအပ်၊ ယဉ်ကျေးမှုပြတိုက်သို့သွားရောက် ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်ဆောင်ရွက်သည့် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများတွင် သင်ကြားနေသော စာသင်သားများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် မျက်စိစမ်းသပ်စစ်ဆေးခြင်းကို ယမန်နေ့နံနက်က လွိုင်ကော်မြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး မျက်စိကုသဆောင်တွင် ဆောင်ရွက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။
Subscribe to ကယားပြည်နယ်