ကယားပြည်နယ်ဝန်ကြီးချုပ်စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့်အဖွဲ့ဝင်များ ယမန်နေ့နံနက်က လွိုင်ကော်မြို့ လင်ဖုံလေးကျေးရွာ စံပြစိုက်ခင်း၌ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားရှိမှု၊ နွားလဝိုးကျေးရွာအုပ်စုတွင် အစေ့ထုတ်ပြောင်းသီးနှံ ပွဲရုံလုပ်ငန်းများလည်ပတ် လုပ်ကိုင်နေမှုနှင့် အခြေခံပညာကျောင်းများ ပြင်ဆင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။