ဖားဆောင်းမြို့နယ်၌ အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် နိုင်ငံ့ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲများ လာရောက်ပေး
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား မဲဆန္ဒရှင်များ၊ နိုင်ငံ့ဝန်ထမ်း မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက်(၈)နာရီ အချိန်က စတင်၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်စု မဲရုံအသီးသီးတွင် ဆောင်ရွက်ထားရှိရာ မြို့နယ်အတွင်းရှိ သက်ကြီးဘိုး ဘွား မဲဆန္ဒရှင်များနှင့် နိုင်ငံ့ဝန်ထမ်းများက ကြိုတင်ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။