ကိုဗစ်-၁၉ ကာလအတွင်း ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ဂိတ်ဝန်ထမ်းနှင့် လုပ်သားများအား ဆန်နှင့်ဆီများ ထောက်ပံ့ပေးအပ်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ကယားပြည်နယ်ရှိ ပုဂ္ဂလိကမော်တော်ယာဉ် လုပ်ငန်းများအား စနစ်တကျ ကြီးကြပ်ရေးကော်မတီ ကြီးကြပ်မှုအောက်ရှိ ခရီးသယ်ပို့ဆောင်ရေး မော်တော်ယာဉ် လိုင်းများမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ဂိတ်ဝန်ထမ်းနှင့် လုပ်သားများအား ဆန်နှင့်ဆီများကို နံနက်ပိုင်းက ထောက်ပံပေးအပ်ခဲ့သည်။