နယ်ရုံးများ၏သတင်းများ

Mar 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယမန်နေ့နံနက်ပိုင်းက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Mar 24,2022
နိုင်ငံတစ်ဝန်း လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်များအဖြစ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှု ဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာ ပေးTalk Show ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီက သရက်ချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Mar 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် လူငယ်များ ဗလ(၅)တန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ် ရေးရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့ညနေပိုင်းအချိန်က ကျင်းပခဲ့သည်။
Mar 24,2022
မန္တလေးတိုင်ဒေသကြီး ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ် တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၉ နာရီအချိန် က အိမ်ပေါ်သစ်ပင်လဲကျနေသည်များကို သွားရောက် ကူညီဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
Mar 24,2022
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား သတ္တမအသုတ် ပထမ အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှ စ၍ မြို့နယ်မိခင် ကလေးဌာန၊ သုခချမ်းသာကျန်းမာရေး စောင့်ရှောက်မှု နှင့်လူမှုအထောက်အကူပြုအသင်းနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Mar 24,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လေထု ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက်ပို်င်းက ကျင်းပ ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။
Mar 24,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်း အသက် ၁၆ နှစ်နှင့်အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် "ပန်းခင်းစီမံချက်"ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေ ဖြင့် ခရီးသွားလာရာတွင် လည်းကောင်း၊ တည်းခိုနေထိုင်ရာတွင် လည်းကောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသ၍ ဆောင်ရွက် ရသည့် လုပ်ငန်းများတွင် လည်းကောင်း ( ၁-၄-၂၀၂၂) ရက်နေ့မှစ၍ နိုင်ငံသားကတ် (မှတ်ပုံတင်)အား ပြသစစ်ဆေးမှု ခံယူရမည် ဖြစ်ကြောင်း အသိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Mar 24,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် (၇၇)နှစ်မြောက်တပ်မတော် နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူများသို့ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် အခွန်လွတ်စျေးတွင် ရှိသော ပြည်သူများ၊ ဌာန ဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများကို လက်ကမ်းစာ​စောင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။