နယ်ရုံးများ၏သတင်းများ

Mar 24,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုံးပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်းစုရပ်နေရာများအလိုက် ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
Mar 24,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပတ‌ကျေးရွာအုပ်စုအတွင်းရှိ မိဘပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက်ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးရာတွင် Mask တပ်ဆင်လာခြင်း မရှိ‌သော ပြည်သူများအား တာဝန်ရှိများက ယမန်နေ့ နံနက်ပိုင်း၌ Mask Campaign ပြုလုပ်သည့် အ‌နေဖြင့် Mask များ အခမဲ့ ဝေငှပေးခဲ့သည်။
Mar 24,2022
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ခံထုတ်ဝေသည့် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်က ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လမ်းသွားလမ်းလာပြည်သူများ၊မြို့မဈေးနှင့်ကျောင်းသား/ကျောင်းသူများထံ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
Mar 24,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်တွင် ပန်းအလှထိုးသင်တန်းကို ယမန်နေ့ နံနက် (၁၀) နာရီက ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Mar 24,2022
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှအများပြည်သူများ သွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်း မှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ဒေသ‌နေပြည်သူများ သွားလာမှု အဆင်‌ပြေစေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်း အသုံးစရိတ်ငွေကျပ်(၂.၄၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ် (၂)ရပ်ကွက်၊ ပိတောက်လမ်းတွင် Box Culvert တည်‌ဆောက်ခြင်းလုပ်ငန်းကို မတ်လ ၁၂ ရက်‌နေ့မှ စတင်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၃ ရက်နေ့တွင် ရာနှုန်းပြည့် တည်ဆောက်ပြီး ဖြစ်ကြောင်း သိရသည်။
Mar 24,2022
မန္တလေးခရိုင်၊ပြည်ကြီးတံခွန်မြို့နယ်တွင် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်း စာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက်က မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် ခရိုင်စာကြည့်တိုက်သို့ စာငှား၊ စာဖတ်လာရောက်သူများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေခဲ့ကြောင်းသိရသည်။
Mar 24,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၁၇)ရက်နေ့မှစ၍ စတင် ဖြေဆိုလျက်ရှိရာ ယမန်နေ့ နံနက် ၁၁နာရီအချိန်က သိပ္ပံဘာသာရပ်ကို ဖြေဆိုပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
Mar 24,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၌ (၇၇) နှစ်မြောက်၊ တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူလူထုများအား အခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။