နယ်ရုံးများ၏သတင်းများ

Apr 09,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်နှင့် အပူဒဏ်အန္တရာယ်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို သိရှိစေရန် ရည်ရွယ်၍ အပူဒဏ်အန္တရာယ်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့နံနက် ၈ နာရီက ပေကုန်းကျေးရွာ ကန်လယ်မင်းကျောင်းတိုက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 08,2024
စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့် အတွေးအမြင်ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ စိုးတင့်(ဧရာဝတီ) ရေးသားထားသည့် “ကံ ကံ၏အကျိုးပေးနှင့် ဖြစ်ရပ်မှန်ဝတ္ထုတိုများစုစည်းမှု” စာအုပ်ဖြင့် ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး၊ ပြည်သူ့စာကြည့်တိုက်၌   စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Apr 07,2024
မုံရွာ ဧပြီ ၇ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် လူငယ်များ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသားသော "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ"စာအုပ်ဖြင့် (၈၄)ကြိမ်မြောက်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Apr 07,2024
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Digital Library Management System (DLMS) ရေးသွင်းနည်းသင်တန်းဆင်းပွဲအား ဧပြီလ ၅ ရက်နေ့ နေ့လယ်၁နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Apr 07,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာ့အလင်းခေတ်မီစာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် (၁၁:၀၀)နာရီအချိန်က လေအန်ကုန်းစာပေရပ်ဝန်းမှ စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) တို့ပူးပေါင်း၍ စာရေးသားနည်းသင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖ ဦးသိန်းနိုင်၊ လေအန်ကုန်းစာပေရပ်ဝန်းမှ တာဝန်ရှိသူများစာရေးဆရာများ၊ သင်တန်းနည်းပြဆရာစာရေးဆရာ သိင်္ခသူနှင့် စာရေးဆရာ နောင်အံ့လူ၊ သင်တန်းသား/သင်တန်းသူများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်၊၊
Apr 07,2024
ပြန်ကြားရေးဝန်ကြီးဌာန၊ လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ရုံးစာရေးသားနည်းနှင့် သတင်းရေးသားနည်းသင်တန်းကို ဧပြီ(၅)ရက်နေ့မှစတင်၍ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
Apr 06,2024
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာ လယ်တွင်းသားစောချစ်၏ ပန်းလိုချင် အပင်ပျိုးတက်မှ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း  သိရသည်။
Apr 06,2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “ကလေးနှင့် ဆယ်ကျော်သက်အရွယ် လူငယ်များအတွက် စာဖတ်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။